1

672 43 3
                                    

Unicode

" အန်တီတို့ အဆင်မပြေတာရှိရင် ကျွန်တော့်ကို ချက်ချင်းဆက်သွယ်ပါနော် "

" အေးပါကွယ် မောင်ရင်အားကိုးရတာ အန်တီသိပြီးသားပါ "

" ဟုတ်ကဲ့ "

မေမေနဲ့စကားပြောပြီး ကိုယ့်ဘက်လှည့်လာမဲ့မြားဦးကို ကြိုသိနေတာကြောင့် နေရတော့ခက်ခက် ။

" ဆော့ဂျင်ကိုတော့ ကိုယ် သတိရနေမိတော့မှာပဲ "

အရှေ့ကလူကတော့ လွမ်းမောဟန်ပြောနေခဲ့တာပဲ ။ စိတ်ဝင်စားတစ်ချက် မဝင်စားတစ်ချက်နဲ့ ဖြစ်နေမိတာတော့ ကျွန်တော် ။

" ဂရုစိုက်နော် စာလည်း မှန်မှန်ရေးဖို့မမေ့နဲ့ "

ဒီလိုစကားတွေပြောဖို့အထိတော့ အဖေဖြစ်သူအရေးပိုင်မင်းရဲ့ စီးပွားဖက်နဲ့ ကျွန်တော်ဘယ်လိုရင်းနှီးသွားကြမှန်း ကိုယ်တိုင်ပင်မသိ ။ ခေါင်းတော့ငြိမ့်လိုက်တာပဲ သိပ်တော့အာရုံမရလှဘူး ။

ရထားဥဩဆွဲသံက ရန်ကုန်ဘူတာကြီးဝန်းအတွင်း မြိုင်ခနဲ ။ မကြာမီအချိန်တွင်း ရန်ကုန် - မန္တလေး ခရီးစဉ်စတင်တော့မည်ဖြစ်ကြောင်း အသိပေးခြင်းဖြစ်သည် ။

" ကဲကဲ ကျွန်တော် အထုတ်အပိုးတွေ ရထားပေါ်တင်ပေးမယ် "

လက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်မိတော့ ည‌နေ ငါးနာရီထိုးရန် ဆယ်မိနစ်အလို ။ နံဘေးနားရှိ အထုတ်ကို ဆွဲမလိုက်ကာ ရထားဘက်လျှောက်မည်ပြင်တော့ လှမ်းတားသည့် လူကြောင့် စိတ်ထဲတော့ တစ်မျိုးဖြစ်သွားရသည် ။

" နေနေ ဆော့ဂျင်ပင်ပန်းမယ် ကိုယ်သယ်ပေးမယ် "

ဂရုစိုက်တာကောင်းပါတယ် လွန်တော့လည်း ကြည့်မရတော့တဲ့ ဘေးဥပဒ်ရှိတာပေါ့လေ ။ သိပ်ကိုရင်းနှီးချင်ယောင်ဆောင်နေတာကိုက ဘဝင်မကျစရာမဟုတ်ပေဘူးလား ။ ဒါကို သဘောတကျကျဖြစ်နေတဲ့ မေမေကလည်း ဟုတ်ကိုမဟုတ်ပါဘူး ။ ပြောရရင် လွန်ခဲ့တဲ့နှစ်ရက်က ကျောက်ပန်းတောင်းမြို့အုပ်ရုံးကို ကားနဲ့ထွက်သွားတဲ့ အရေးပိုင်မင်းလည်း ဒီလူကို ဘာတွေသဘောကျနေမှန်းမသိ ။

နှုတ်ဆက်စကားထပ်တလဲလဲကို နားထောင်ပေးလိုက်ပြီး အထူးတန်းခုံမှာ ဘာသိဘာသာဝင်ထိုင်နေလိုက်သည် ။ အထုတ်တွေ သူသယ်မယ်ဆိုလည်း သယ်ပါလေ့စေပေါ့ ကိုယ်သက်သာတာပဲ ။

ပိတောက်တစ်ခက်မှ ဆိုသော Where stories live. Discover now