Unicode
စာဝါငှက်ကလေးများ၏ တကျီကျီမြည်ကာ ဝေ့ဝိုက်ပျံသန်းလျက် ပျော်မြူးနေကြပုံကို သဘောတကျဖြင့်ကြည့်နေစဉ် ခြံဝန်းတံခါးမှ ခေါ်သံကိုကြားမိသော် ဆော့ဂျင်ဆတ်ခနဲ လှည့်ကြည့်မိလိုက်၏ ။
" ဒေါက်တာက ဘယ်ကနေဘယ်လို "
ဆော့ဂျင်ခြံတံခါးဘက်လျှောက်သွားလိုက်ပြီး အံ့ဩဟန်ဖြင့် ယမန်နေ့က ဆေးစည်းပေးလိုက်သောရွာဆေးခန်းမှ ဒေါက်တာကိုကြည့်သည် ။
" ဟိုဘက်ရွာကို လူနာသွားကြည့်ရင်းနဲ့ ... မနေ့ကပြောတယ်လေ ရွာအစွန်က အိမ်ဆိုတော့ ကျွန်တော်ရှာနေရင်း ခြံဝန်းထဲလှမ်းတွေ့လိုက်တာနဲ့ "
ဂျူတီကုတ်ကို ဘယ်ဘက်လက်မောင်းမှာချိတ်ထားပြီး ဆေးအိတ်တစ်ဖက်နှင့် နားကြပ်ကိုလည်း လက်ကတွဲကိုင်ထားရသည့် ဒေါက်တာဟာ သန့်သန့်ပြန့်ပြန့်ခန့်ခန့်ညားညား ။
" အော် ... ကျွန်တော်အဆင်ပြေပါတယ် ဒေါက်တာ "
" ကိုယ်ကုပေးတဲ့ လူနာဆိုတော့ သက်သာရဲ့လား သိချင်တာနဲ့ သတင်းမေးတာပါ တစ်မျိုးတော့မထင်ဘူးမလား "
ပညာတတ်ပီပီ စကားပြောယဉ်ကျေးပြီးဘောက်ဆတ်ဆတ်လည်းမနိုင်ဟု ဆော့ဂျင်တွေးမိလိုက်သေးသည် ၊ တချို့တချို့တွေနဲ့တော့ ကွာသည်ပေါ့လေ ။
" မထင်ပါဘူး ဒေါက်တာရဲ့စေတနာကို ကျွန်တော်သဘောပေါက်ပါတယ် "
" ရက်ချိန်းပြန်လာပြရမယ်နော် "
" ကျွန်တော်လာမှာပါ ဒေါက်တာ "
ရည်ရည်မွန်မွန်ပြုံးလျက် ပြောသည့် ဒေါက်တာဟာ ကြည့်ကောင်းသူတစ်ဦးဖြစ်သည် ၊ သို့သော် မြို့ကြီးသားလေးကတော့ သာမန်သာသဘောထားဟန်တူပါသည် ။
" ဆေးဖိုးအစား အိမ်အလည်ခေါ်ထားတာ အကြွေးရှိသေးတယ်နော် ကိုယ်မှတ်ထားတာမို့ မေ့မသွားနဲ့ "
" မဟုတ်တာ ကျွန်တော်မမေ့ပါဘူး "
ဒေါက်တာက ရယ်ရယ်မောမောဖြင့်ပြောတော့ ဆော့ဂျင်လည်း အလိုက်သင့်ပြုံးကာ တုံ့ပြန်လိုက်သည် ။
ထိုစဉ် မည်သည့်အရပ်မှလာသည်မသိသော ရွံ့ဖြင့်လုပ်သော လောက်စလုံးသည် ဒေါက်တာ၏ နောက်ကျောသို့ လေကိုခွင်းကာ တစ်ချက်မယွင်း တည့်တည့်ထိလေတော့သည် ။
YOU ARE READING
ပိတောက်တစ်ခက်မှ ဆိုသော
FanfictionJung Kook x Seok Jin I Hiatus နွေလေရူးရေ ကျီစယ်စမ်းပါစေ ။ ပိတောက်ခက်ဆီမှာ ဒီထက်ဆုံးရှုံးစရာမရှိသည်မဟုတ်လား ။ 8 April 2023