2

236 30 7
                                    

Unicode

" မေမေ ကျွန်တော် ခဏလျှောက်ကြည့်လိုက်ဦးမယ် "

" အေးအေး ဂရုစိုက်သွားနော် "

" ဟုတ် "

ရန်ကုန်ကသယ်လာတဲ့ ပန်းကန်တွေကို အဝတ်စဖြင့်ပွတ်ပြီး စင်ပေါ်စီနေသည့် မိခင်ဖြစ်သူကို ဆော့ဂျင်တစ်ချက်အသိပေးလိုက်သည် ။ ထို့နောက် နံရံမှာကပ်ထောင်ထားသည့် ပန်းကမ္ဘာစက်ဘီးလေးကို တွန်းကာ ရင်ဘတ်လောက်ရှိသည့် ဇကာကွက် သံပိုက်တံခါးလေးကို တွန်းဖွင့်လိုက်သည်။

နည်းနည်းမြေညီတဲ့ နေရာလေးမှသည် စက်ဘီးခြေနင်းပြားလေးကို နင်းချကာ ရွာလမ်းကလေးအတိုင်း ဦးတည်လိုက်သည်။ လွတ်လပ်ပေါ့ပါးသွားတဲ့ စိတ်အစဉ်က ပန်းကမ္ဘာစက်ဘီးကလေးရဲ့ ခြေနင်းပြားလေးဆီကစသည် ။ အကန့်အသတ်တွေ ဘောင်တွေ အရာအားလုံး အငွေ့ပျံသွားသလိုမျိုး ။ နှစ်သက်မိပါသည်။

ကတ္တီပါဖိနပ်အပါးလေးရယ် ၊ ချည်ရှပ်အဖြူနဲ့ ပင်နီဘောင်းဘီဖားဖားကြီးကို ဆင်ကာ စက်ဘီးကလေးတစ်စီးနဲ့ ဟန်ပန်တွေမပါ ။  ရွာအဆုံးရှိ နေအိမ်ကနေ ရွာအဝင်အထိ လျှောက်ကြည့်ဖို့ ဆော့ဂျင်ရည်မှန်းထားသည် ။

ချိုင့်ဂမူတွေ ဖြတ်သန်းသွားတိုင်း စက်ဘီးလေးကလည်း အလိုက်သင့် ။ ဖုန်မှုန့်ကလေးတွေ လေမှာခပ်ဝဲဝဲ ပိတောက်ရွက်တွေလည်း မြေမှာ ခပ်သဲ့သဲ့။

" မိဝါ မိဝါ ဆင်းတတ်တော့ဘူး "

ရွာလမ်းနံဘေးက တမာပင်ကို မော့ကြည့်ပြီး စုရုံးရုံးဖြစ်နေသည့် ကလေးတစ်သိုက်ကိုမြင်သော် ဆော့ဂျင် စက်ဘီးကလေးကို ရပ်လိုက်သည် ။

" ကလေးတို့ ဘာဖြစ်ကြတာလဲ "

" ဘယ်သူလဲမသိဗျ မျက်နှာစိမ်းတယ် "

" အာ အစ်ကိုက ရန်ကုန်ကရောက်လာတာ ၊ ဒီနေ့မှ ရောက်တာမို့ မျက်နှာစိမ်းတာ ဖြစ်သင့်ပါတယ် "

အုပ်စုထဲမှာ နည်းနည်းလေး အသက်ပိုကြီးပုံရသည့် ကောင်လေးက စစ်ဆေးတော့ ပြုံးပြုံးကလေးတုံ့ပြန်လိုက်မိသည် ။

" ကိုကိုရန်ကုန်သား သမီးကြောင်လေး အပင်ပေါ်တက်သွားတာ ခုသူပြန်ဆင်း မတတ်တော့ဘူး  မိဝါလေးကို ပြန်ခေါ်ပေးပါလားဟင် "

ပိတောက်တစ်ခက်မှ ဆိုသော Where stories live. Discover now