3

147 28 10
                                    

Unicode

" မေမေ မှာတယ်နော် မသွားခင်အထိ ဂရုစိုက်သွားဆိုတာကို ခုတော့ကြည့်ဦး အိမ်လဲ ပြန်လာရော ပတ်တီးအဖွေးသားနဲ့ "

အပြန်နေတောင်အတော်စောင်းနေပြီမို့ အိမ်ပြန်လာသည်နှင့် စိတ်ပူနေသော မိခင်ဖြစ်သူ၏ ဆူပူသံများသည် မဖိတ်ခေါ်ပါပဲ ဒုန်းစိုင်းဝင်ချလာသည် ။

" ..... "

" အမောင်ဂျွန် ကောင်းလို့ပေါ့ သေချာပါအိမ်ပြန်ပို့ပေးသွားသေးတယ် "

" အဲ့ဘောက်ဆတ်ဆတ်လူနာမည် အမောင်ဂျွန်တဲ့လား "

" ရွာထဲတော့ အဲ့လိုပဲနှုတ်ကျိုးနေကြတယ်တဲ့ နာမည်အရင်းက ဂျွန်ဆိုပဲ "

" အော် "

မေးလည်းမေး စကားလမ်းကြောင်းလည်းလွှဲသော်လည်း မရပေ ဒီဘူတာပဲ ပြန်စိုက်သော အရေးပိုင်မင်းကတော်ပါလေ ။

" မဖြစ်သေးပါဘူး မင်းအဖေဆီပဲဖြစ်ဖြစ် ဘခန့်ဆီပဲဖြစ်ဖြစ် စာရေးဦးမှပါ "

" ဗျာ ! မေမေရယ် သားရန်ကုန်ပြန်နေရလိမ့်မယ် မပြန်ချင်ဘူး သားဒီနေရာကို သဘောကျတယ် "

" ပြောသင့်တာတော့ ပြောရမှာပဲ အမောင်ဂျွန်သာမရှိကြည့် မင်းတမာပင်စောင့်သရဲဖြစ်နေရင် ဘယ်နှယ့်လုပ်မလဲ "

" အပင်ပေါ်က ပြုတ်ကျရုံနဲ့တော့ မသေပါဘူးဗျာ "

" မသေကောင်း မပျောက်ကောင်းလေ မွေးတုန်းက အကောင်း ကြီးမှကျိုးကန်းပဲ့ရွဲ့ကုန်ရင် ငါ့သားနုနုထွတ်ထွတ်လေး နှမြောရချည်ရဲ့ "

" ဘာပဲဖြစ်ဖြစ်ပါ ဟိုလူဆီရော  အရေးပိုင်မင်းဆီရော မပြောပါနဲ့နော် တောင်းဆိုတာပါ မေမေရယ် "

" ပြီးရော ပြီးရော မပြောနဲ့ဆိုလည်း မပြောဘူး မင်းစိတ်ကြိုက်သာနေတော့ "

မျက်နှာချိုသွေးလိုက်တော့လည်း ဘယ်လောက်ပြောပြော ဘယ်လောက်ဆူဆူ မျက်စောင်းတစ်ချက်ထိုးပြီး ကိုယ့်အလိုဖြည့်ပေးရှာသည့် အရေးပိုင်မင်းကတော် ။ ဆော့ဂျင်ကတော့ အခုမှသာ စိတ်အေးသွားဟန်ဖြင့် ဟင်းချနိုင်တော့သည် ။

___

မစို့မပို့ သင်္ကြန်မိုးလေးရွာတော့ သစ်ပြတင်းတံခါးကနေ ဧပြီလအစရဲ့ မြေနံ့သင်းသင်းက ကွန်ရက်ကလေးတစ်ခုနှယ် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည် ။ မိုးသံခပ်ငြိမ့်ငြိမ့်ကို နားသောတဆင်ရင်း ဆော့ဂျင်ကုတင်ပေါ်ကနေ အားပြုပြီး ထလိုက်သည် ။

ပိတောက်တစ်ခက်မှ ဆိုသော Where stories live. Discover now