〔 𝑼𝒏𝒆𝒙𝒑𝒆𝒄𝒕𝒆𝒅 〕

24.2K 729 125
                                    


*ရိုင်းဆိုင်းသော အသုံးအနှုန်းများပါတဲ့အတွက် အဆင်ပြေမှဖတ်ပါ*

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

*ရိုင်းဆိုင်းသော အသုံးအနှုန်းများပါတဲ့အတွက် အဆင်ပြေမှဖတ်ပါ*

ပါဝင်သော အကြောင်းအရာ၊ ဇာတ်ကောင်များ
သည် စာဖတ်သူရဲ့ စိတ်ကူးသက်သက်သာ ဖြစ်ပြီး ပြင်ပလောကနှင့် သက်ဆိုင်ခြင်းမရှိပါ။

.........................

ကမ္ဘာဦးအစ

တောင်တန်းများပေါ်တွင် နေထိုင်ကျက်စားတဲ့ သမန်းဝံပုလွေများနှင့်  မြေပြန့်တွင်နေထိုင်ရှင်သန်ကြသော လူသားများ... အန်တိုနီရိုဆိုသည့် သစ်တောကြီးတစ်ခုသာခြားထားကာ သက်ရှိမျိုးစု နှစ်စုလုံးက အစားအသောက်အတွက် မှီခိုအားထားရာ သစ်တောကြီးဖြစ်သည်။

စားဝတ်နေရေး၊ လူမှုရေး၊ စီးပွါးရေး အစစအရာရာဟာ လူသားများအတွက်အဦးအစဖြစ်ရာ အုပ်ချုပ် သူမရှိ၊ အိမ်ထောင်အစုလိုက်သာ တောနံဘေးတွင် တစ်နိုင်တဲလေးများဆောက်ကာနေထိုင်
ရသော်လည်း သမန်းဝံပုလွေများတွင်မူ အုပ်ချုပ်သူ အတည်တကျရှိပြီး လူသားများနှင့်ယှဉ်လျှင်
တိုးတက်နေခဲ့လေပြီ။

ပယ်လိုဇိုးနီးရား အဆောက်အဦး

သမန်းဝံပုလွေများရဲ့ အုပ်ချုပ်သူ ဘုရင်မင်းမြတ်
နှင့်တကွ မိသားစုနေထိုင်ရာ အဆောက်အဦး။ သာမာန်နေအိမ်များထက် ကျယ်ပြီး အထပ်မြင့်သော အဆောင်အဦးက နေထိုင်ရာ အရပ်ရဲ့ အလည်တည့်တည့်မှာ.. တစ်ကိုယ်တည်းကျန်ရှိသော True Blood Alpha က အရာရာကို ထိန်းချုပ် စီမံသည်။

- Alpha.... beta အမျိုးသမီးတစ်ယောက်က
တွေ့ခွင့်တောင်းနေပါတယ်

တံခါးစောင့်လေးရဲ့ တင်သွင်းချက်ကို ခေါင်းညိမ့်
လက်ခံပြီးနောက်.. ၃၀ ဝန်းကျင်အမျိုးသမီး
တစ်ယောက်ဝင်လာခဲ့သည်။

Dark collection 2Where stories live. Discover now