ʙᴏssʏ⤴ᴴᴼᵀᵀᴵᴱ

7.5K 455 58
                                    

* ရိုင်းဆိုင်းသော အသုံးအနှုန်းများပါတယ့်အတွက် အဆင်ပြေမှဖတ်ပါ *

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


* ရိုင်းဆိုင်းသော အသုံးအနှုန်းများပါတယ့်အတွက် အဆင်ပြေမှဖတ်ပါ *

✫✫✫✫✫✫✫✫✫✫✫✫✫

KOK Company

အထပ် ၂၀ ကျော်မြင့်မားသော အဆောက်အဦးအတွင်း ဈေးကွက်ရောင်းအားမြင့်မားချိန်ဖြစ်၍ လုပ်သားတိုင်း အားရသည်မရှိပါ။ ၁၂ ထပ်မြောက်တွင်တော့ marketing team ရှိသည်။ ရုံးခန်းအတွင်း အားလုံးက ကွန်ပြူတာကိုယ်စီနှင့် keyboard ကိုအဆက်မပြတ်ရိုက်နှိပ်ကာ အလုပ်ရှုပ်နေကြသည်။

- ထယ်ယောင်း!

ထယ်ယောင်းလည်း အများနီးတူ အလုပ်ရှုပ်နေရာမှာ နားနားကပ်ကာ နာမည်ခေါ်သံကြောင့် ကွန်ပြူတာမျက်နှာပြင်မှအကြည့်ခွာလိုက်သည်။

- hottie ခေါ်နေတယ်

ထိုမျှပြောခါ ထွက်သွားသော်လည်း ထယ်ယောင်း ဘယ်သို့သွားရမည်ကိုကောင်းကောင်းသိပါသည်။
နေရာမှထကာ မှန်တို့ဖြင့်ကာရံထားသော သီးသန့်ရုံးခန်းဆီသို့ဝင်ရောက်ခဲ့သည်။

အထဲတွင် ထိုင်ခုံကိုမှီကာ စောင့်နေသူကတော့ မျက်နှာအခြေအနေသိပ်ကောင်းပုံမပေါ်ပေ။ Jeon Jungkook၊သူတို့လက်အောက်‌ငယ်သားများကြားမှာကတော့ Bossy hottie ဟုသာ အသိများကြသည်။ ရုပ်ချောသလောက် ဆရာကြီးသိပ်လုပ်တတ်သူလေ။ အများကြုံနေကျ အပေါက်ဆိုးဆိုး ဘာလုပ်လုပ်စိတ်တိုင်းမကျတတ်တဲ့ လူဂွစားအထက်လူကြီးဆိုပေမယ့် ရုပ်ရည်က ထိန်းထားသည်မို့ လက်အောက်ငယ်သားများ အမြင်ကပ်ချင်လည်း ကပ်လို့မရတဲ့လူစားမျိုး။ အထူးသဖြင့် မိန်းကလေးတွေပေါ့။

ယခုတွင်တော့ အသံလုံတဲ့ ဖန်အခန်းထဲမှာ အသံတိတ်ကာ မျက်နှာချင်းဆိုင်ရှိနေသည်။ ဒေါသငွေ့တရိပ်ရိပ်ကို ခံစားမိ၍ ထယ်ယောင်းခေါင်းကိုသာ တတ်နိုင်သမျှငုပ်ထားသည်။

You've reached the end of published parts.

⏰ Last updated: May 04 ⏰

Add this story to your Library to get notified about new parts!

Dark collection 2Where stories live. Discover now