အပိုင်း (၂) [Uni + Zaw]

86 3 0
                                    

(Unicode)

ရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာခြင်း

အပိုင်း (၁)

Author - Lee Bora

Translator - Galene

**********

လုဝန်မှာ အန္တရာယ်မများတဲ့ နေရာဆိုလို့တောင် မရှိတော့ဘူး။

မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက ရန်သူတွေနဲ့ လုဝန်မြေတစ်ခွင်လုံးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ရွာရှိတဲ့ နေရာတိုင်း၊ သောက်ရေရှိတဲ့ နေရာတိုင်းမှာ လုဝန်ပြည်သားတွေရဲ့ အလောင်းတွေက အထပ်ထပ် ပုံနေခဲ့ပြီ။

စစ်ရှုံးတယ်ဆိုတာ ဒီလိုမျိုးမှန်း အိုင်းရစ် တော်ဝင်နန်းတော်က ထွက်တဲ့အခါမှ သိလာခဲ့တယ်။

မြှုပ်နှံဖို့ ပုံထားတဲ့ လူသေတွေရယ်၊ လူတွေသေတဲ့ နေရာမှာ နှင်းတွေ စုပုံနေတာကို သူတွေ့ရတယ်။

တီးဂျာရဲမက်တွေက အရေအတွက်နည်းပေမဲ့ ကံကောင်းစွာနဲ့ သူတို့က ခွန်အားတောင့်ကြတယ်။ မရေမတွက်နိုင်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ သူတို့က ဘယ်တော့မှ နောက်ပြန်မဆုတ်ကြဘူး။

ဒါပေမဲ့ ခဏခဏ တိုက်ပွဲမှာ ဝင်တိုက်ရတာကြောင့် မြောက်ပိုင်း အယ်လ်ပိုင်းနယ်မြေကို ရောက်တာနဲ့ သူတို့အုပ်စုထဲက တစ်ယောက်ပြီး တစ်ယောက် အသက်ဆုံးရှုံးသွားကြတယ်။ ဒီနေရာမှာ နှင်းတွေက နှစ်ပေါင်းထောင်ချီအောင် အရည်မပျော်ဘဲ ရှိနေတယ်။

မြင်းတွေက တစ်ကောင်ပြီး တစ်ကောင် အစာဖြစ်လာကြပြီးတော့ သူတို့လည်း လမ်းဆင်းလျှောက်ခဲ့ရတော့တယ်။

အယ်လ်ပိုင်းနယ်မြေက ဆောင်းညတွေက ရှည်ကြာလှတယ်။ လမ်းမကြီးအတိုင်း လျှောက်ရတာက အေးစက်ပြီး ငြီးငွေ့စရာကောင်းတာကြောင့် ရန်သူနဲ့တောင် ပိုရင်ဆိုင်ချင်မိတယ်။

ခေါင်းဆောင်ဖြစ်တဲ့ ဟေးယာက ဒီငြီးငွေ့မှုကို ကျော်လွှားဖို့ ဂိမ်းတစ်ခု ဖန်တီးလိုက်တယ်။ 'ဒီလူ ဒီလူသာ ဘုရင်ဖြစ်လာရင် လုဝန်က ပျက်စီးသွားမှာလား'

သူတို့လှုပ်ရှားနိုင်တဲ့ တစ်ခုတည်းသော ကိုယ်လက်အင်္ဂါက ပါးစပ်ဖြစ်တာကြောင့် စကားပြောနိုင်တဲ့ လူအကုန်လုံးက ပါဝင်ခဲ့ကြတယ်။

ရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာခြင်း {ဘာသာပြန်}Where stories live. Discover now