Arc 3: Space Reincarnation GirlTGN: အတုန့်အလှည့်မရှိ
(TGN - Translator given name)Translator - invisible_clover
ဇာတ်လိုက်အမျိုးသမီးနှင့် အမျိုးသားမှာ စကားပင်မပြောလိုက်ရသလို အတူလည်းမနေသွားရပေ။ ပြောရမယ်ဆိုရင် ဒုတိယဘဝက Lord God ရဲ့ ထိန်းချုပ်မှုအောက်က လုံးဝလွတ်မြောက်ခဲ့သည့်ဘဝဟုဆိုရမည်။ သူ့ရဲ့ဝိဉာဉ်ဟာ အရင်ကထက်စွမ်းအားရှိလာတယ်လို့ ခံစားရသည်။ သူသတိထားမိသည်က ကမ္ဘာတစ်ခုရဲ့ ကံကြမ္မာကိုပြောင်းလဲပြီးတိုင်း ထိုကမ္ဘာ၌ရှိနေသည့်စွမ်းအားများက သူ့အပိုင်ဖြစ်လာသည်ကိုပင်။
ဒီလိုနည်းနဲ့စွမ်းအင်စုပ်ယူတာဟာ Lord God ကို တုပခြင်းဖြစ်သည်။ ဖြစ်နိုင်လျှင် တစ်နေ့ကျသူ့ရဲ့စွမ်းအားတွေက Lord God ထက်သာလွန်ပြီး ဒီအကျဉ်းထောင်ကနေ ကမ္ဘာအစစ်ကိုပြန်သွားနိုင်လိမ့်မည်ဟုထင်သည်။
ဒီတွက်ဆမှုက ကျိုးယွင်ရှန့်ကို အလွန်အမင်းစိတ်မလှုပ်ရှားစေပါ။ တစ်ဖက်၌ Lord God နှင့် တိုက်ခိုက်ရသည်ကို သူပျော်ရွှင်နေသည်။
စွမ်းအင်စုပ်ယူတာအရမ်းများသွားတဲ့အတွက် သူအိပ်ပျော်သွားသည်။ နိုးလာချိန်၌ ကြယ်ပင်လယ်ထဲတွင် နဂါးငွေ့တန်းအသစ်တစ်ခု ထပ်ရှိနေပြီ။
ကျိုးယွင်ရှန့် နဂါးငွေ့တန်းထဲမှာ အတန်ကြာမတ်တပ်ရပ်နေပြီး သူ့ရှေ့မှာစာအုပ်တစ်အုပ်၊ စာရွက်ဖြူအလွတ်တစ်ရွက်နဲ့ စုတ်တံ၊ မင်တုံးတို့ရှိနေသည်။
ဒါကရှေးခေတ်လား။ သူ့လက်အင်္ကျီအစကိုဆွဲတင်ပြီး AI ကိုကြည့်လိုက်တော့ ဒီကမ္ဘာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ဖော်ပြနေသည်။
ဒီနေရာက ကျိုးမင်းဆက်ရဲ့ နန်းတော်ရင်ပြင်။ အခုအချိန်က နန်းတွင်းစာမေးပွဲဖြေဆိုချန်။ မူလခန္ဓာကိုယ်ပိုင်ရှင်က အစိုးရစစ်၊ မြို့နယ်စစ်၊ ကျေးရွာစစ်စတဲ့ စာမေးပွဲအများကြီးကိုအောင်မြင်ခဲ့ပြီးပြီ။ အခုနန်းတွင်းစာမေးပွဲက နောက်ဆုံးစာမေးပွဲပဲ။
မူလပိုင်ရှင်ရဲ့နာမည်က ရှမ်းရိပင်း၊ အတွင်းဝန်အမတ်ရှမ်းဟွိုက်ရဲ့သားအကြီး။ သူကပုံမှန်အားဖြင့် စာသင်ဖို့အရမ်းပျင်းတဲ့သူ။ အခုလိုစာမေးပွဲတွေအောင်ရတာကလည်း ဒီလောကရဲ့ဇာတ်လိုက်မိန်းကလေးကြောင့်ပင်။
YOU ARE READING
ဗီလိန်မာယာ (Arc-3)
Historical FictionOriginal Title - Quickly wear the face of the devil Author - ©® Fengliu Shudai Original Translation - ©® keztranslations Genre - Adventure, Fantasy, Dimension traveller, Rebirth, System, Sci-fi, Historical, Modern, Romance, BL Status - 176 Chapters...