Arc 3: 7 - ရှမ်းရိပင်းဘဝ

581 56 0
                                    

Arc 3: 7 - ရှမ်းရိပင်းဘဝ

BGM song suggest>>> A dream too late

သူတို့နှစ်ဦးမြင်ကွင်းကလွန်တော့မှ အိမ်ရှေ့မင်းသားက ကျိုးယွင်ရှန့်၏လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်သည်။ သူ့အမူအရာကနူးညံ့နေ၏။

"ကိုယ်တော်စိတ်လွှတ်သွားမှာ မင်းစိတ်ပူနေတာလား"

"အရှင့်ကျွန် မလုပ်ရဲပါဘူး။ ထိုက်စစ်တျန့်ရှန့်က ဥာဏ်အမျှော်အမြင်ကြီးသူပါ ဘယ်လိုလုပ်လွယ်လွယ်နဲ့ပြိုလဲပါ့မလဲ။ ကျွန်တော်စည်းမကျော်သင့်ဘူး ရှက်ရွံ့မိပါတယ်"

ကျိုးယွင်ရှန့် သူ့ကိုမြောက်ပြောခြင်းမဟုတ်။ အိမ်ရှေ့မင်းသားက ဆေးဖြတ်ပြီးပြန်ကောင်းလာကတည်းက သူမကူညီရင်တောင်မှထီးနန်းကို ကိုယ့်ဘာသာကိုယ်တက်နိုင်လိမ့်မည်။ တစ်ခါတလေတော့ ကျိုးယွင်ရှန့်အနေနဲ့ သူ့အကူအညီကအပိုများဖြစ်နေသလားလို့တောင်ခံစားမိသည်။ အကြိမ်တော်တော်များများ ကျိုးယွင်ရှန့်ထင်မိတာက ရှဲ့ယွိရိုဆေးခတ်တာခံရတဲ့မင်းသားနဲ့ လက်ရှိမင်းသားကတစ်ယောက်စီများလားလို့လေ။

မင်းသားကကျယ်လှောင်စွာရယ်လိုက်ပြီး ကောင်လေးရဲ့လက်ချောင်းတွေကိုညစ်ကာ နှစ်ကိုယ်ကြားပြောလိုက်သည် "ယွင်ရှန့်ရဲ့တည်ရှိမှုက ကူစစ်နျန်အတွက်အကြီးမားဆုံးအကူအညီပဲ။ ယွင်ရှန့်သာမရှိရင် ဒီနေ့လိုကူစစ်နျန်လည်းမရှိနိုင်ဘူး"

ထို့နောက်သူခဏရပ်လိုက်ပြီး အမျိုးသားငယ်လေးရဲ့မျက်နှာကို လက်တစ်ဖက်နဲ့ထိတွေ့ပွတ်သပ်ရင်းထပ်ပြောသည်။ "မင်းကိုကိုယ်တော့်နားပို့ပေးခဲ့တဲ့မိုးနတ်မင်းကို ကိုယ်တော်ကျေးဇူးတင်တယ်သိလား။ မင်းကိုယ်တော့်အတွက်စိတ်ပူတဲ့အခါ ကိုယ်တော်ပျော်တယ်"

ကျိုးယွင်ရှန့် ဒီအတိုင်းရပ်နေမိပြီးစကားမပြောရဲပေ၊ ဒီကမ္ဘာမတူသလို သူ့ရဲ့ဘဝသရုပ်မှန်ကလည်းမတူဘူး။ ပြီးတော့ အမူအကျင့်တွေလည်းမတူဘူး။ ဒီလူကရင်းနှီးတဲ့အပြုအမူတွေခံစားရစေပေမဲ့ သူအလွယ်တကူနဲ့မပျော်ဝင်ချင်ဘူး။ ရှမ်းရိပင်းရဲ့ဆုတောင်းက သူ့မိသားစုကြီးပွားချမ်းသာဖို့နဲ့ အေးအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေရဖို့။ သူသာခြေတစ်လှမ်းမှားလိုက်ရင် မူလရှမ်းရိပင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး။

ဗီလိန်မာယာ (Arc-3)Where stories live. Discover now