Arc 3: 8 - ရှမ်းရိပင်းဘဝ

570 71 3
                                    

Arc 3: 8 - ရှမ်းရိပင်းဘဝ


ကျိုးယွင်ရှန့်ရဲ့ ဝိဉာဉ်ကစွမ်းအားမြင့်တာကြောင့် လေးရက်မပြောနဲ့လေးလမအိပ်ရရင်တောင် ဘာမှဖြစ်မည်မဟုတ်ပေ။ သူအခန်းကိုပြန်ရောက်တော့မအိပ်ဘဲ ပြတင်းပေါက်ရှေ့မှာရပ်ပြီး တရားထိုင်လိုက်သည်။ သူကရှဲ့ယွိရိုကိုစောင့်နေတာ။ သူ့မှာကဆေးဝိဉာဉ်နယ်မြေနဲ့ ဝိဉာဉ်စမ်းရေရှိတော့ ရှဲ့ယွိရိုအသုံးပြုတာနဲ့ သူလည်းမင်းသားကိုကုပေးလို့ရပြီ။ ရှဲ့ယွိရိုလာမှာလားဆိုရင်တော့ အဖြေက Yes ပေါ့။


ဒါကိုတွေးပြီး သူခပ်ဖွဖွရယ်လိုက်သည်။


"ရှမ်းဝန်ကြီး ထိုက်စစ်တျန့်ရှက သင့်ကိုခေါ်ပါတယ်" မိန်းမစိုးက ကျိုးယွင်ရှန့် မင်းသားကိုစိတ်ပူလွန်းလို့အိပ်တောင်မအိပ်နိုင်ရှာဘူးဆိုပြီး စိတ်ထဲလှုပ်ရှားသွားလေသည်။


ကျိုးယွင်ရှန့် ချက်ချင်းပဲမင်းသားရှိရာအခန်းကို ပြန်သွားလိုက်သည်။


"ထိုက်စစ်တျန့်ရှ" သူကုတင်နားဖြည်းဖြည်းချင်းလျှောက်သွားပြီး ဦးညွှတ်လိုက်သည်။


"ဘာလို့ ထိုက်စစ်တျန့်ရှတွေခေါ်နေသေးတာလဲ။ ကူစစ်နျန်လို့ပဲခေါ်" မင်းသားက ကောင်လေးရဲ့မျက်နှာကိုကြည့်ဖို့ ကိုယ်တစ်ခြမ်းကိုထူလိုက်သည်။


ကျိုးယွင်ရှန့်အမြန်ထူကူပြီး နောက်ကိုခေါင်းအုံးပျော့ခံပေးလိုက်သည်။ ပြီးနောက် ကူစစ်နျန်ဟုခေါ်လိုက်သည်။ ဒီနာမည်က သူတို့ကြားကအကွာအဝေးကိုပိုမိုနီးကပ်စေတယ်။


မင်းသားရယ်ပြီး သူ့လက်ကိုကိုင်ရင်း ရှန့်၊ ရှန့်ဟု နောက်ဘဝတွင်မခေါ်ရတော့မည့်အလား ထပ်ခါထပ်ခါခေါ်လေသည်။


"မင်းပြောတယ်နော်။ ကိုယ်တစ်ခုခုဖြစ်ခဲ့ရင် မင်းကိုယ့်ကိုမြစ်ဝါထိအဖော်ပြုပါမယ်ဆိုပြီး..။ အဲဒါအခုထိအတည်ယူလို့ရသေးလား" သူအခုတော့နောင်တရမိသည်။ သူပွင့်ပွင့်လင်းလင်းချစ်ရေးမဆိုခဲ့ခြင်းက သူတို့ရှေ့ကလမ်းကိုအရင်ရှင်းပေးချင်လို့။ ဒါပေမဲ့ အခုတော့အချည်းနှီးပဲ။ သူဟာအရမ်းကိုတစ်ကိုယ်ကောင်းဆန်တဲ့အပြင် သေခါနီးမှာတောင် ချစ်ရတဲ့သူကို သူနဲ့အတူခေါ်သွားချင်မိတယ်။

ဗီလိန်မာယာ (Arc-3)Where stories live. Discover now