Chapter 14-ဘယ်လိုပျံသန်းရမလဲ သင်ယူခြင်း

1.4K 345 10
                                    

ဖုယာသည် သူ့သားလေးအား သူ​နေသားမကျတဲ့နေရာအသစ်မှာ ထားခဲ့ဖို့ စိတ်ပူနေခဲ့သည် ။ အဲ့ဒါ​ကြောင့် လူငယ်​လေး ချီတာခံရပြီး​နောက် စကားပြောဖို့ဆန္ဒရှိတာကို တွေ့​​သောအခါ အလွန်ပင် အံ့သြစရာ ကောင်းလှသည်။

ကလေးက သူ့ကို ​စောင့်​ရှောက်​ရေးကလပ်တွေဆီ ခေါ်သွားတဲ့အခါ ပုံမှန်အားဖြင့် အရမ်းတိတ်ဆိတ်နေတတ်သည်။ အရင်က သူအဲ့ကို​​ရောက်ဖူးရင် ဒါမှမဟုတ် ကလပ်အသစ်ဖြစ်​နေ​တောင် အရေးမကြီးဘူး သူက အထူးသဖြင့် ​​စောင့်​ရှောက်သူက သူ့ကို ပွေ့ချီထားတဲ့အခါမှာ အလွန်တိတ်ဆိတ်နေခဲ့သည်။

ပြုစုစောင့်ရှောက်သူတော်တော်များများက ဒါဟာ ပြဿနာကြီးတစ်ခုလို့ မထင်ခဲ့ကြပေမယ့် မိဘတစ်ယောက်အနေနဲ့ ဖုယာဟာ ဒီကိစ္စအတွက် အလွန်စိတ်ပူပန်နေခဲ့သည်။ သို့သော်လည်း သူမသည် ထိုနေရာတွင် ထားခဲ့ရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။

ဒါ​ပေမဲ့ အခု သူ့(ကူတီ​လေး)ကို ချီထားသော လူငယ်​လေးကို တကယ် လှမ်းခေါ်လိုက်သည် ။

တခြားသူတွေအတွက်တော့ ဒါက ဘာမှအဓိပ္ပာယ်ရှိမှာမဟုတ်ပေမယ့် ဖုယာအတွက် ဒါက ကြီးမားတဲ့တိုးတက်မှုဖြစ်ပြီး သူ့ကို ဒီကိုပို့တာက မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုကို လုပ်ခဲ့တာဖြစ်ကြောင်း ညွှန်ပြနေသည်။

"ဒါဆို ငါ့ကလေးကို မင်းကို အပ်လိုက်မယ်။" ဖုယာ က ပြုံးပြီး ခေါင်းညိတ်ကာ ဝန်ထမ်းကို နှုတ်ဆက်လိုက်ပြီး သူမ မထွက်သွားခင် သူ့သားလေးကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။

ရှဲ့လွမ်၏ ရင်ခွင်ထဲမှ ကူတီ​သားပေါက်ငယ်၏ မျက်လုံးများသည် ထွက်သွား​သော သူ့အမေအ​နောက် လိုက်​ကြည့်နေခဲ့သည်။ သား​ပေါက်က သူ့အမေကို ထားခဲ့ပြီး​တော့ ဒီပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေ မဖြစ်သေးတာကို သိလိုက်တော့ ရှဲ့လွမ်က အလွန်ငြင်သာ​ပေးပြီး သူ့နောက်ကျောကို ပေါ့ပေါ့ပါးပါး ပွတ်သပ်ပေး​နေ​သည်။ ထို့နောက် အနည်းငယ် မြင့်မြင့် ​မြှောက်လိုက်ကာ ထိုနက်မှောင်သော မျက်လုံးများနှင့် ဆုံလိုက်သည် ။ "က​လေး​လေး မင်းနဲ့အတူနေထိုင်ရမယ့် ကလပ်မှာရှိတဲ့ တခြားသားပေါက်လေးတွေနဲ့တွေ့ဖို့ ငါခေါ်သွား​ပေးမယ်။ အို​ခေ?"

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now