Chapter 30-သား​ပေါက်အသစ်လာမှာလား?

1.4K 312 3
                                    

ရှင်းယူမှာ ဒီစာကိုရေးတင်သူရဲ့ အထောက်အထားက အတုမဟုတ်ပါဘူး။ ကျေးဇူးတင်လွှာကို ထိုကူတီသား​ပေါက်​လေး၏မိဘများက အမှန်ပင် ရေးသားထားသော်လည်း လူတိုင်းမျှော်လင့်ထားသည့်အရာနှင့် လုံးဝခြားနားစွာ သူတို့ကတစ်စုံတစ်​ယောက်ကို ကျေးဇူးတင်ခဲ့ကြသည်။အဲ့ဒါက ကိစ္စရဲ့နောက်ကွယ်က အမှန်တရားကို သူတို့ဖော်ထုတ်ပြီးသားလို့ ထင်နေကြတဲ့သူတွေ လူမိသွားသလို ခံစားလိုက်ရသည်။

ယွင်​ပေါင်ကျောင်းခွဲ...?

​​အေရီကျောင်းခွဲ မဟုတ်ဘူးလား???

ကျေးဇူးတင်လွှာမှာဖော်ပြခဲ့​သော အမည်ကို ထပ်ခါတလဲလဲ ဖတ်ကြည့်လိုက်ပြီး ရေပန်းစားသော အကြောင်းအရာကို လိုက်ကြည့်သူ အများစုသည် ယခုအခါ လုံးဝ အံ့အားသင့်သွားကြသည်။ ဒီမမျှော်လင့်ထားတဲ့ပြောင်းလဲမှုက ရုတ်တရက်ကြီးပါပဲ… သူတို့ရဲ့ ဦးနှောက်တွေက ဒီအချက်အလက်အသစ်ကို ရယူဖို့ ရုန်းကန်ခဲ့ရပြီး မတုံ့ပြန်နိုင်ပဲ ကျေးဇူးတင်တဲ့စာရဲ့ အပေါ်နားက မရင်းနှီးတဲ့ နာမည်ကို ဗလာဖြစ်စွာသာ စိုက်ကြည့်နေနိုင်သည်။

ထိုစာထဲတွင် ကလေး၏မိဘများသည် ​ယွင်​ပေါင်ကျောင်းခွဲရှိ ဝန်ထမ်းတိုင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ စာသားကိုဖတ်ရုံဖြင့် ပျော်ရွှင်မှုနှင့် စစ်မှန်သောကျေးဇူးတင်မှုကို ခံစားနိုင်သည်။

ကလေးရဲ့မိဘတွေက အဖြစ်အပျက်ကြောင့် အလွန် သက်​ရောက်ခဲ့ရပြီး စာကိုရေးတဲ့အခါ စိတ်ခံစားလွယ်​နေကြောင်း ရေးတဲ့စာကနေ အလွယ်တကူ မြင်နိုင်သည်။

ဤသည်မှာ အမှန်ပင် ကိစ္စကြီးဖြစ်သည်။ သား​ပေါက်က ပျံသန်းနိုင်တယ်ဆိုတာ သူမ ပထမဆုံးသိတဲ့အချိန်မှာ ဖုယာက ဒီစာကိုရေးခဲ့ခြင်းဖြစ်သည်။ အဲ့ဒါဟာ အလွန်ရုတ်တရက်ဖြစ်သွားပင်မဲ့ ​ကောင်းတဲ့အံ့သြစရာတစ်ခု ဖြစ်ခဲ့ပြီး အဲဒီအချိန်တုန်းက သူမရဲ့ နှလုံးသားဟာ ပြောမပြနိုင်တဲ့ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့သည်။

မူလက ရှင်းယူမှာ ကျေးဇူးတင်တဲ့စာကို ရေးပြီးတာနဲ့ တင်ဖို့ သူမရည်ရွယ်ခဲ့ပေမယ့် လာမယ့် ပျံသန်းခြင်းပြိုင်ပွဲကို ပြန်သတိရပြီး နောက်ပိုင်းမှာ သူမစိတ်ပြောင်းသွားသည်။

သား​ပေါက်​ပျိုး​ထောင်​ရေးအဖွဲ့အစည်းWhere stories live. Discover now