Part5

160 12 0
                                    

Unicode

ကိုကိုချစ်တစ်ယောက်အိမ်ထဲတွင်bl ficဖတ်နေစဥ်တစ်ဖက်က ရှိုင်းထက်ကိုကိုမောင်ကတော့ရုံးခန်းထဲတွင်ထိုင်ကာအလုပ်လုပ်နေရလေသည်...

ရှိုင်းထက်ကိုကို​မောင်သည်YS entertainment ၏ပိုင်ရှင်ဖြစ်ပြီးမိဘ၏အမွေဖြစ်သော King Groupကိုပါဦးစီးနေရသူဖြစ်လေသည့်အတွက်အလုပ်အရမ်းများလေသည်...ထို့ကြောင့်ကိုကိုချစ်နှ​င့်စကားများများပြောချင်သော်လည်းအလုပ်တွေစုပုံနေသဖြင့်သိပ်မ​ပြောရပေ....ယခုသူနောင်လကျလျှင်အသက်ကတ်ပြားရှာဖွေရန်ခရီးထွက်ရမည်ဖြစ်၍အရေးကြီးသည်များကိုအပြီးဖြတ်နေခြင်းပင်...

အလုပ်လုပ်နေရင်းကိုကိုချစ်အကြောင်းတွေးမိသွားကာသူပြုံးမိသွားသည်...ထိုစဥ်သူ့အတွင်းရေးမှူးကရောက်လာကာလက်မှတ်ထိုးရမည့်စာရွက်စာတမ်းများကိုလာပေးလေသည်...

ထိုစာရွက်စာတမ်းများကိုသေချာစစ်ဆေးလိုက်ကာလက်မှတ်ထိုးပြီးနောက်...

''ဇေယျာ....ငါချစ်ကိုဖွင့်ပြောသင့်ပြီထင်လား?''

အတွင်းရေးမှူးကဘယ်သူ့ကိုပြောနေမှန်းခန့်မှန်းမိသွားသည့်ဟန်ဖြင့်...

''ကျွန်တော်ထင်တာတော့အရင်ရင်းနှီးအောင်လုပ်ပြီးမှဖွင့်ပြောသင့်တယ်ထင်ပါတယ်...bossကသခင်လေးနဲ့ခင်မင်မှုကတစ်နှစ်ပြည့်ခဲ့ပြီဆိုပေမယ့်သခင်လေးကတော့bossက​အပြင်မှာမြင်ဖူးတာတစ်ရက်ပဲရှိသေးတယ်လေ...''

ရှိုင်းထက်ကိုကိုမောင်လည်းအတွင်းရေးမှူးပြောသည်မှာမှန်သည်ထင်၍ပြန်ပြောလိုက်သည်။

''အင်း...ကောင်းပြီ...ကျေးဇူးပဲ''

ဇေယျာသူ့နားပင်သူမယုံနိုင်ဖြစ်သွားရသည်....bossလိုလူကကျေးဇူးတင်စကားပြောတယ်တဲ့!အေးတိအေးစက်နှစ်တစ်ထောင်ကြာရေခဲတုံးကြီးကလေ!!!

သို့ပေမယ့် လဲသူကproတစ်ယောက်ဖြစ်သည့်အတွပ်အမူအယာကိုထိန်းချုပ်လိုက်ပြီးရုပ်တည်ကြီးနှင့်သာနေလိုက်သည်...

''မင်းသွားလို့ရပြီ ''

အတွင်းရေးမှူးဇေယျာထွက်သွားသောအခါသူ့အတွေးများသည်လွန်ခဲ့သောတစ်နှစ်ထံသို့...

My lovely Ko Ko Maung(Season1)(complete)Where stories live. Discover now