"လှောင်အိမ်" ep-9

1.8K 96 0
                                    

"အကို...."

ဒီမျှသွေးပျက်ဖွယ်မြင်ကွင်းခြည့်ဘဝမှရှိလာလေပါအုံးမလား ကိုယ်ချစ်ရတဲ့အမျိုးသားက တစ်ခြားအမျိုးသမီးနဲ့ အိပ်ယာပေါ်မှာအဝတ်ဗလာနဲ့အိပ်နေသည့်မြင်ကွင်းလောက် ခြည့်ရဲ့ရင်တွေကွဲရပါအုံးမလား...

"အား...အင်းးးဟာခြည်...ငုဝါမင်းဘယ်လိုလုပ်ငါ့ကုတင်ပေါ်မှာ... "

နေမျိုးဘာကိုမှစဥ်းစား၍မရပါ မျက်ရည်တွေစီးနေတဲ့ခြည့်ရဲ့အမျက်ဒေါသမျက်နှာကြောင့် နေမျိုးပိုလန့်သွားမိသည်

"မမခြည် အကိုလေးမျိုး..... ဟင်.."

အံ့ဩနာကျင်နေသည့် လူသုံးဦးနဲ့ အောင်ပွဲရလူတစ်ဦးပင်...

"ခြယ်ကလေး"

"ငုဝါငယ်."

တီးတိုးစွာရွတ်လိုက်မိတဲ့ အမျိုးသမီးနှစ်ဦးရဲ့တစ်ဦးကိုတစ်ဦးခေါ်သည့် နာမ်စား

"အကိုလေးမျိုး ကျမရှင့်ကိုခွင့်မလွှတ်ဘူး"

ပြေးထွက်သွားတဲ့ချစ်ရသူက ငယ်ငယ်ကခေါ်နေကျနာမည်လေးကိုပဲခေါ်သွားခဲ့သည် 'အကိုလေးမျိုးတဲ့....'

"ကိုကို ငုဝါကိုတာဝန်ယူမယ်မလား"

"ဘာတာဝန်လည်း ငါနဲ့မင်းကြားမှာဘာဖြစ်ပျက်ခဲ့လို့လည်းငုဝါ "

"ကိုကို ယောက်ျားစကားပြောပါ ငုဝါရဲ့အရှက်နဲ့သိက္ခာကိုလည်းထည့်တွက်ပါအုံး"

"အရှက်သိက္ခာမရှိတဲ့လုပ်ရက်ကို မင်းဘက်ကလုပ်ခဲ့တာမလား မင်းကွာမိန်းကလေးတန်မဲ့"

"သားနေမျိုး...."

"သမီးလေး"

ငုဝါစီစဥ်ထားသလိုပါပဲ အံကိုက်ပင် နှစ်ဖက်မိဘတွေရောက်လာခဲ့ကြသည်လေ...အောင်နိုင်သူငုဝါပဲလေ

သို့သော် ခြယ်ကလေးကရော.....

"မင်္ဂလာပွဲကိုအတက်နိုင်ဆုံးအမြန်စီစဥ်ကြရအောင် သမီးလေးအရှက်မရလေအောင်"

"ရပါတယ် အန်တီရယ် သမီးဘာမှမဖြစ်ပါဘူး အန်တီတိူ့ပဲစီစဥ်ပါနော်"

"အေးပါကွယ် အေးပါ"

"ဒါနဲ့ ကိုကိုရောအန်တီ"

"လှောင်အိမ်"Donde viven las historias. Descúbrelo ahora