"လှောင်အိမ်" ep- 24

1.7K 102 0
                                    

"ဆရာ လူနာကအရမ်းအရေးကြီးနေတယ်ဆရာသွေးတွေကအရမ်းပဲထိန်းလိူ့မရဘူး "

"ဟုတ်ပြီးချက်ချင်းခွဲခန်းဝင်မယ် လိုအပ်ရင်သွေးပါရှာထားရမယ် လူနာအုပ်ထိန်းသူတွေအပြင်မှာနေပေးပါ"

ဒေါကတာကပြောပြီးချင်း ကုတင်ကိုတွန်းတော့ ဒေါ်မြခြယ်ရဲ့လက်က နေကြာ့ကိုပြန်ဆုပ်ကိုင်ထားသည်

"ဆရာ...သူ့ကိုအသက်ရှင်အောင်ကယ်ပေးပါ ကျမဘာမဆိုအကုန်လုပ်ပါ့မယ် သူ့ကိုပဲရအောင်ကယ်ပေးပါ"

"ကောင်းပါပြီ လက်မှတ်ထိုးပေးပါ ခွင့်ပြုချက်မှာ လူနာနဲ့ဘာတော်ပါသလည်း "

"သူရဲ့တူမပါ"

"ဟုတ်ပြီ"

လက်ကိုဖြေးဖြေးချင်းလွှတ်ပေးလိုက်သည် ခွဲခန်းထဲဝင်သွားတဲ့ဒေါ်မြခြယ်ကိုမျက်စိတစ်ဆုံးကြည့်ပြီးမှလက်မှတ်ထိုးကာ ရှိသမျှဘုရားအစုံကို ရှစ်ခိုးကာဆုတောင်းနေမိသည်

"နေကြာမျိုး..."

"ဟုတ်ကဲ့ ရှင်တို့က..."

"ကိုယ်တို့ကရဲတွေပါ ဒေါ်မြခြယ်နဲ့အတူပူးပေါင်းပြီးတော့ ဦးသစ္စာရဲ့အမှုကိုလိုက်နေကြတာပါ"

"သူ ဘယ်အချိန်ကတည်းကစသိခဲ့တာလည်းဖေဖေနဲ့အန်တီခြည်တို့လုပ်ကြံခံရတယ်ဆိုတာကို"

"ဦးနေမျိုးနဲ့ဒေါ်မြခြည် ရဲ့အသုဘမှာကတည်းကပါ"

နေကြာစိတ်ကိုထပ်တင်းကာအားခဲပြီးမေးလိုက်သည်

"လုပ်ကြံတဲ့သူက ဦးသစ္စာဆိုတာကိုဘယ်လိုသိခဲ့တာလည်း"

"အစကတော့မသိခဲ့ဘူး ကိုယ်တို့နဲ့အမ မေးမြန်းနေတုန်း အမပြောပြခဲ့တာက ဒေါ်မြခြည်ဆီကိုလုပ်ငန်းပူးပေါင်ူဖို့အတွက်လာနေတာအခေါက်ပေါင်းမနည်းပြီတဲ့လာတိုင်းဒေါ်မြခြည်ကငြင်းဆိုခဲ့တယ်တဲ့

နောက်တော့ဦးနေမျိုးနဲ့လုပ်ငန်းပူးပေါင်းတာမှာ သူဒေါသထွက်သွားပုံရတယ်

ဒေါ်မြခြည်တို့ခရီးသွားတဲ့နေ့ကသူ့တပည့်တွေကို အနောက်နေနောက်ယောင်ခိုင်လိုက်ခိုင်းတာ

ဒေါ်မြခြည်တို့လမ်းတစ်ထောက်နားတဲ့အချိန်မှာအခွင့်အကောင်းယူပြီးဝက်အူလှည့်နဲ့ဆီပိုက်ကိုထိူးဖောက်ပြီးဘရိတ်ကြိုးကို ဖြတ်ထားခဲ့တာ ဖြစ်ချင်တော့ဆီပိုက်မှာဝက်အူလှည့်ကဒီအတိုင်းကျန်ခဲ့တာ"

"လှောင်အိမ်"Where stories live. Discover now