"လှောင်အိမ်" ep-12

2.1K 120 9
                                    

"ဒေါက်တာ ကျမဆေးစစ်ချက်ကဘယ်လိုလည်းဟင် ဘာရောဂါတဲ့လည်းဟင်"

"ဟင်း...."

ဒေါက်တာသက်ပြင်းချသံကြောင့် ချိုးဖြူမှာရင်တလှပ်လှပ်နဲ့ အဖြေကိုသိချင်စိတ်ပိုဖြစ်နေရသည်

"စိတ်တော့မကောင်းဘူးညီမရယ် ညီမကသွေးကင်ဆာနောက်ဆုံးအဆင့်ပါ"

"ရှင်....ကုလို့ရနိုင်သေးလား"

"မရနိုင်တော့ပါဘူး တစ်ပါတ်တစ်ခါသွေးသွင်းတာကလွဲပြီးကုသဖို့မဖြစ်နိုင်တော့ပါဘူး"

ကြားလိုက်ရတဲ့အဖြေက ရင်ဘက်တစ်ခုလုံးရစရာမရှိတော့ပါ မထင်မှတ်ထသည့်အရာပင်မလား

"ဘယ်လောက်ကျန်သေးလည်း"

"ရှင်..."

"အချိန်ဘယ်လောက်ကျန်သေးလည်း"

"အနည်းဆုံး၈လ အများဆုံးတစ်နှစ်ပါ သွေးကိုပုံမှန်သွင်းနေမယ်ဆိုရင်၁နှစ်ကျန်အုံးမှာပါ"

"လုံလောက်ပါတယ်"

တစ်ကယ်လုံလောက်ပါတယ် နေကြာ့အနားမှာနေဖို့အချိန်လုံလောက်ပါတယ်....

                   ×××××××××××××

အဖေနဲ့အန်တီခြည့်ရဲ့အလောင်းနဘေးမှာ ထောင်ထားတဲ့ဓာတ်ပုံကလေးကိုသာကြည့်ပြီး ဘာမှမပြောနိုင်မလုပ်နိုင်လောက်အောင်တိတ်ဆိတ်နေမိသည်

မျက်လုံးများဟာလည်းငိုထားတာကြောင့် နီရဲလို့နေသည် လုံးဝမယုံနိုင်တဲ့အရာတစ်ခုပါလေ

"နေကြာ တစ်ခုခုစားမလားအန်တီခြယ်လုပ်ပေးရမလား"

"ကျမအသားကိုမထိပါနဲ့ ရှင်ပျော်တယ်မလား ရှင်ကျမအခုလိုရင်ဘက်တစ်ခုလုံးကွဲကြေပျက်စီးပျက်စီးပြီးနာကျင်နေတာမြင်တော့ပျော်တယ်မလား"

"မဟုတ်ဘူးနေကြာမင်းမှားနေပြီ အန်တီခြယ်အခုလိုဖြစ်မနေဘူးနေကြာ"

"တော်ပါတော့ကျမလေ ရှင့်ကိုအရမ်းကြောက်ပါတယ် စိတ်ချပါ ကျမအဖေသေသွားလို့ဒီအိမ်ကထွက်မသွားပါဘူး ရှင်ဖြသ်စေချင်တဲ့အတိုင်း ပေးဆပ်သွားမှာပါ အဲ့တာမှကျမလည်းစိတ်ဖြောင့်နိုင်မယ်"

"နေကြာ မင်းတိူ့ကိုအဲ့သလိုအကြည်​့အဲ့သလိုအပြော အဲ့သလိုခနဲ့အပြုံးနဲ့မပြောပညနဲ့မကြည့်ပါနဲ့မပြုံးပါနဲ့"

"လှောင်အိမ်"Where stories live. Discover now