Part (11) U+Z

17 7 0
                                    

Unicode~

The Melody of Love🎵🎶🎼

ဂျောင်ဂုတို့နှစ်ယောက်သား လက်ချင်းတွဲလျက် ပန်းခြံတစ်လျှောက် လမ်းလျှောက်နေကြစဉ် တိတ်ဆိတ်နေသော အခြေအနေကို ဂျောင်ဂုက စတင်စကားစလိုက်ကာ ဖြိုခွင်းလိုက်သည်။

Jeon-"Louisမင်းကဘာမျိုးရိုးလဲ...ကိုယ်မင်းနာမည်က Louisဆိုတာပဲ သိရသေးတယ်... မျိုးရိုးကို မသိသေးဘူးပဲ...ကိုယ်ဆို Jungkook Jeonဆိုတော့ မျိုးရိုးက Jeonလေ..."

Louis-"အာ....ကျွန်တော့်နာမည်အပြည့်အစုံကို ပြောတာပဲ...Louis Kimပါ Jeon..သူငယ်ချင်းတွေက Vလို့လဲ ခေါ်ကြတယ်...Vဆိုတာက ကျွန်တော့်ရဲ့ nicknameပေါ့...Hi Jeon...My name is V... I'm a good boy...ဟီး...'

Jeon-"ချစ်စရာလေးကွာ....ဒါနဲ့ Kimမျိုးရိုးဆိုတော့ မင်းက ကိုရီးယားလူမျိုးလား??..."

Louis-"ကျွန်တော်က အင်္ဂလိပ်-ကိုရီးယားကပြား...ကျွန်တော့်ဒယ်ဒီက ကိုရီးယား...မာမီက American...အဲဒါကြောင့် အဖေ့မျိုးရိုးကိုယူတော့ Kimဖြစ်တာ....ပြီးတော့လေ ကျွန်တော့်မှာ Louis Kimဆိုတဲ့ နာမည်အပြင် ကိုရီးယားနာမည်လဲရှိသေးတယ်...ဒါပေမယ့် အဲနာမည်ကတော့ ကျွန်တော်တောင် မေ့သွားပြီ..."

Americanတဲ့လား..အသံသြရှရှ‌ေကြာင့် Britishလို့ ထင်သွားမိတာ..‌ေနာက်ပြီး Kimမျိုးရိုးတဲ့လား??..ကိုယ်ထင်သလိုများ ဖြစ်နေမလား??

Jeon-"ကိုယ့်နာမည်ကို ကိုယ်မေ့တယ်လား??..ထူးဆန်းလိုက်တာ..."

Louis-"အာ...အဲဒါက...ဘယ်လိုပြောရမလဲ?...ကျွန်တော်လဲ ဂဃနဏတော့ မပြောတတ်ဘူး...ကျွန်တော်သိသလောက်ပြောပြရမယ်ဆိုရင် ကျွန်တော်ငယ်ငယ်က ကိုရီးယားမှာနေခဲ့တယ်...ဒယ်ဒီက ကျွန်တော့်ကို ကိုရီးယားနာမည်လဲပေးခဲ့တယ်...ဒါပေမယ့်လေ အဲနာမည်ကြားတိုင်း ကျွန်တော်က ငိုတယ်လို့ပြောတယ်...အဲဒါကြောင့် ဆက်မခေါ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်တဲ့...Uncle Kimကလဲ ကျွန်တော်ဘယ်လ်ို‌ေမး‌ေမး အဲနာမည်‌ကို ပေးမသိဘူး...နောက်ပိုင်းဒယ်ဒီတို့ accidentဖြစ်ပြီး ဆုံးသွားတော့ ကျွန်တော်ကလဲ ငယ်သေးတော့ အဖေ့ရဲ့ညီ Uncle Kimက အဖေ့ကုမ္ပဏီကို ဦးစီးပြီး ကျွန်တော်ကို ကိုရီးယားမှာ ဆက်မထားဖို့ ဆုံးဖြတ်ခဲ့တယ်...နောက် ဒီကို ပြောင်းလာခဲ့တာပေါ့...အရင်က Uncle Kimက ဒီမှာပဲနေပြီး အလုပ်တွေကို အွန်လိုင်းကနေပဲလုပ်ပြီး ကျွန်တော့်ကို အနီးကပ်စောင့်ရှောက်ပေးတာ...ကုမ္ပဏီက ကိုရီးယားမှာလေ...တစ်ခါတစ်လေ ကိုရီးယားကို အလုပ်ကိစ္စနဲ့ပြန်လေ့ရှိပေမယ့် အခုနောက်ပိုင်း ကိုရီးယားမှာပဲနေလေ့ရှိပြီး ဒီကို တစ်ခါတစ်လေမှပြန်လာတယ်...Jeonသိလား.. Uncle Kimကျွန်တော့်ကို ဒီခေါ်လာတုန်းက ကျွန်တော့်အသက်က 6နှစ်ပဲရှိသေးတာ Jeonရဲ့..."

𝒯𝒽𝑒 𝑀𝑒𝓁𝑜𝒹𝓎 𝑜𝒻 𝐿𝑜𝓋𝑒🎵🎶🎼 (𝒪𝓃𝑔𝑜𝒾𝓃𝑔) Where stories live. Discover now