အပိုင်း(19)🏙🔺

17.2K 840 96
                                    

ဆက်ထုံး ညနေစောင်းနေပြီမို့
ပြန်ရန်ပြင်လိုက်သည်။ ဗိုက်ထဲကလဲ တစ်ချက်တစ်ချက် အောင့်နေတာကြောင့် Taxi ပဲငှားစီးကာ ပြန်ခဲ့သည်။

အိမ်ပြန်ရောက်တော့လဲ ညစာအတွက် ပြင်ဆင်ချက်ပြုတ်ပေးပြီး ခြံထဲဆင်းလုပ်စရာရှိတာလုပ်ရသေးသည်။ လူကလဲ တော်တော်နူံးနေတာမို့ ကိုယ်လက်သန့်စင်ပြီး အိပ်ရန် အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။

"ကိုလေးထုံး ထမင်းစားပြီပြီလား "

"မနက်ကတော့ စားခဲ့ပြီ အခုစားချင်စိတ်မရှိလို့ အိပ်တော့မယ် ညမောင်ပြန်လာရင် တံခါးထဖွင့်ပေးပါဦးနော် လဲ့လဲ့"

"ရတယ် ကိုလေးထုံး သွားသွား လဲ့လဲ့ လုပ်ထားပေးလိုက်မယ်"

"ကျေးဇူး အများကြီးတင်ပါတယ်ကွာ"

"မလိုပါဘူး ကိုလေးထုံးကလဲ "

ဆက်ထုံး လဲ့လဲ့ကို ပြုံးပြကာ အပေါ်ထပ်သို့ တတ်လာခဲ့လိုက်သည်။

လဲ့လဲ့ ကိုလေးထုံးအား ကြည့်ပြီးစိတ်မကောင်းမိ ။ မေမေကြီး ကအရင်ကအဲ့လိုမဟုတ်ပါသဘောကောင်းသည့်ထဲပါသည်။ ကိုလေးထုံး အပေါ်ကိုမှ ဘာလို့အဲ့လို ဆက်ဆံတာလဲ သူစဥ်းစားမရ ။ ကိုလေးထုံး ဒီလောက်အေးချမ်းပြီး သဘောကောင်းတာကို။ လဲ့လဲ့ ခေါင်းလေးကုတ်ကာ မီးဖိုထဲ၀င်လိုက်သည်။

"ဟဲ့! လဲ့လဲ့ "

"ရှင် မေမေကြီး!!"

"ဖြည်းဖြည်းထူပါ ဟဲ့ အလန့်တစ်ကြားနဲ့ နင်အနောက်မှာငါက ။ ဒီကောင်မလေး မပေါင်းသင့်တဲ့ သူတွေနဲ့ ပေါင်းပြီးစရိုက်မဆန်နဲ့နော် အော်ကြီးဟစ်ကျယ် ပြောဆိုတာတွေ ငါမကြိုက်ဘူး"

"ဟုတ် မေမေကြီး လဲ့လဲ့ ကမေမေကြီး မကြားမှာဆိုးလို့ပါ"

"လျှာမရှည် နဲ့ ဟိုအကောင် ပြန်လာပြီလား"

"ကိုလေးထုံးလား ပြန်လာပြီလေ"

"ဘာတွေပြောသွားသေးလဲ"

"မပြောပါဘူး ထမင်းဟင်းတွေ အကုန်အဆင်သင့် ချက်သွားပေးတယ် မေမေကြီးစားရင် နွေးလိုက်ရုံပဲ"

"လူလိုတော့ သိသေးသားပဲ ငါမဆာသေးပါဘူး အဲ့အကောင်ဘာပြောပြော ငါပြန်ပြောနော် လျှိုမထားနဲ့ နင်ပါသေမယ်"

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now