"အား....ကျွတ်ကျွတ် "နာနေတဲ့ခေါင်းကိုဖိကိုင်ကာသူအိပ်ယာမှ ဝုန်းခနဲ ထလိုက်သည်။ ကိုက်နေသောခေါင်းကြောင့် လူကမိုက်ခနဲ ။
"ဘယ်ချိန်ရှိပြီလဲ ဘယ်နှစ်နာရီထိုးပြီလဲ ဟင်"
၀ရူန်းသုန်းကားဖြစ်နေတဲ့သူ့ကို မမြင့် မကြည်သလိုကြည့်၏။
"ညက မိုးရေထဲအအေးပတ်ပြီး မင်းသတိမေ့ သွားလို့အိမ်ထဲခေါ်ထားပေးတာ။ အခုဘယ်လိုနေသေးလဲ"
"အဲ့ဒါက ထားပါအခုဘယ်ချိန်ရှိပြီးလဲ ကားမှီသေးလား"
" စိတ်ကိုခဏအေးအေးထားလိုက်ဦး။ စောပါသေးတယ် မင်းအားမရှိဘူး ခုချိန်ထသွားရင်ပိုဆိုးသွားလိမ့်မယ်"
"မဟုတ်ဘူး ရတယ် ကျွန်တော်အခုသွားလိုက်မယ် အခုသွားမှာမို့ ကျွန်တော်ဖုန်းရော ကျွန်နော်ဖုန်း"
သဏ္ဍာန်ပြာယာခပ်စွာ ဖုန်းကိုလိုက်ရှာနေမိသည်။ သု့ရင်ထဲမှာပူလောင်မွန်းကြပ်နေသည်မှာ အတိုင်းဆမဲ့။
"မိုးရေတွေ ဒီလောက်စိုထားတာဖွင့်လို့ရပါဦးမလား"
သူဖုန်းကို ယူကာဖွင့်ကြည့်တော့ပါဝါကပွင့်မလာ။သူကျုံးရုံးကာထလိုက်သည်။ မနေ့ထဲကဘာတစ်မှ မစားရသေးသည့်ဗိုက် အခုမှဆန္ဒပြနေသည်။ဒါတွေသူလျစ်လျူရူ့နိုင်သည်။
ပူကျစ်နေသော ခန္ဓာကိုယ်အားသူဂရုမစိုက်နိုင် ထုံး အနောက်ကိုလိုက်သွားဖို့သာ သူဆန္ဒပြင်းပြနေမိသည်။
"ကျွန်တော် ကို ကူညီလက်စနဲ့ ကားငှားပေးပါ ကိုထွန်း ကျွန်တော် တောင်းဆိုတာပါ"
"သေချာစဥ်းစား ပြီပြီလား သဏ္ဍန် အရာရာပြတ်သားနိုင်ပြီဆိုမှ ဆုံးဖြတ်ချက်ချပါ။ ဒီကမင်းအမျိုးသမီးနဲ့ကိုယ်ဝန်ကရော မင်းဘာဆက်လုပ်မှာလဲ"
"ကျွန်တော် ကိုယ်ဝန်မဟုတ်ဘူးမကြီး ။သူနဲ့ကျွန်တော် မပတ်သတ်ခဲ့ဖူးဘူး စေ့စပ်ရုံလေးပဲ အဖေနာမည်ဝင်ခံပေးခဲ့ရုံလေးပဲ"
မမြင့် သက်ပြင်းကိုချလိုက်မိသည်။
"မိုက်လိုက်တာ သဏ္ဍန်ရယ် ငွေမျက်နာတစ်ခုအတွက်ကြောင့် ကိုယ်ကလေးမဟုတ်တဲ့ ဟာကိုတာဝန်ယူပြီး ကိုယ်အပေါ်အသက်လောက်ချစ်တဲ့သူကို မင်းမို့လို့စွန့်ပစ်ရက်တယ်။ မင်းလောက်မိုက်တဲ့သူရှိပါဦးမလား သဏ္ဍန်သုမောင်"
YOU ARE READING
မောင့်.....သက်ဆက်ထုံး (Complete)
Romanceအလုပ်လွန် ကျွန်ဖြစ်တဲ့.... အချစ်လွန်တော့ အရူးမူးဖြစ်.... ပေးဆပ်လွန်ပြန်တော့ အရူံးဖြစ်တယ်တဲ့ဗျ...💛