Cream : Giallo

186 20 2
                                    

𝘾𝙧𝙚𝙖𝙢 // နေရောင်စက်ဝန်းထဲ ဝင်တိုက်မိခဲ့တဲ့ အဖြူရောင် တစ်စွန်းတစ်စ

POV from 𝙂𝙞𝙖𝙡𝙡𝙤
~ 2022, March ~

ဒီနှစ်ရဲ့ စာသင်နှစ်အစမှာတင် Tae Rae တစ်ယောက် တက္ကသိုလ်ကို ရောက်ဖို့ အပြေးအလွှား ပြင်ဆင်နေရတာ မနက်တည်းက။ မလုပ်လို့လဲ မရဘူးလေ။ ညက Tae Rae တို့ရဲ့ band club ခေါင်းဆောင် စီနီယာဟန်ဘင်း မိတ်ဆက်ပေးမယ်ဆိုတဲ့ သီချင်းစာသားကြည့်ပေးမယ့်သူက ရောက်လာမှာကိုး။ အဲ့ဒါကိုမေ့ပြီး ညကနောက်ကျမှ အိပ်လိုက်မိတာ အခုတော့ ပြာယာခတ်အောင် ပြင်ဆင်နေရပြီ။

ပုံမှန်အတိုင်း ဂီတာကို ယူပြီး စာရေးစားပွဲပေါ်က အဝါရောင်ကော်ဗူးလေးဆီ လက်က နှိုက်လာတယ်။ လက်ထဲပါလာတဲ့ တစ်စုံတစ်ခုကို ဆုတ်ကိုင်ရင်း

"ရေးထားတဲ့စာသားတွေ အကုန်အဆင်ပြေအောင် ကူညီပေးပါဦး"

ပြောပြီးတာနဲ့ ဆုပ်ကိုင်ထားတဲ့ လက်ကို ဖြေချလိုက်တော့ ထွက်လာတဲ့ အဝါရောင်စက္ကူစနဲ့ ပတ်ထားတဲ့ Mint သကြားလုံးလေးတွေ။

ငယ်ငယ်တုန်းက ချော်လဲတော့ ဖေဖေက ပြန်ထူပေးရင်း ချော့ဖူးတာ။ Mint သကြားလုံးတွေက ပူပူလေးမို့ နာကျင်တာတွေ အကုန်လုံးကို ပျောက်စေပြီး စိတ်ခံစားချက်ကို ကောင်းစေတယ်တဲ့။ ဒါ့အပြင် လူကိုပါ ပျော်စေတယ်ဆိုလို့ Tae Rae မှာ အခုထိ ယုံပြီး သိမ်းထားတုန်း။ ကြီးလာတော့လည်း Mint သကြားလုံးတွေကို အဝါရောင်စက္ကူနဲ့ပတ်လိုက်ပြီး တစ်ခုခုဆို ကိုင်ဆုတောင်းတော့တာလဲ အကျင့်တစ်ခုလိုပဲ။ ဘာလို့ဒီလောက် ယုံလိုက်ဆို သကြားလုံးက ပေးတဲ့ ကိုယ်တွေ့တွေကြောင့်လို့ Tae Rae ရယ်ကျဲကျဲ ဖြေမိမှာပင်။

နွေဦးစခါစမို့ ပတ်ဝန်းကျင်တစ်ခုလုံးက ချယ်ရီပန်းတွေ ဝေဝေဆာဆာ ပွင့်လန်းနေတယ်။ လမ်းတလျှောက်မှာလေ နွေရဲ့ မူပိုင် နွေရောင်ခြည်ဖြာဖြာလေးအပြင် လေပြေတို့ကလည်း တဝေ့ဝေ့။ တိုက်ခတ်လာတဲ့ လေပြေကြားမှာ ပတ်ဝန်းကျင်ကို ခံစားရင်း အချိန်ကို မေ့ကာ လျှောက်နေမိတယ်။

"ရားး Kim Tae Rae. 11 နာရီ ထိုးအမှီလာခိုင်းထားတာကို 12 ထိုးတော့မယ်အခု။ ခဏနေရင် ထမင်းစားရတော့မှာ မင်းဘာလို့ ဒီလောက် နောက်ကျနေတာလဲ"

Mint : the story beginsWhere stories live. Discover now