Pastel Green : Viridis

153 21 0
                                    

𝙋𝙖𝙨𝙩𝙚𝙡 𝙂𝙧𝙚𝙚𝙣 // အဖြူရောင်တစ်စွန်းတစ်စ ရောစပ်မိတဲ့ အစိမ်းရောင်လေထု

POV from 𝙑𝙞𝙧𝙞𝙙𝙞𝙨
~2021, March~

ဒီနေ့က Jeong Hyeon ရဲ့ တက္ကသိုလ်စာသင်နှစ် စတင်တဲ့နေ့။ လျှောက်နေတဲ့လမ်းတစ်ခုလုံး ချယ်ရီပန်းရောင် လှလှတွေ တဖွေးဖွေးနဲ့ အရာအားလုံးက အသစ်လို တောက်ပလျှက်။

"ဟေး Jeong Hyeon. စဖွင့်တဲ့နေ့ စောစောစီးစီးပါလား"
"ရားး Cha Woong Ki. အထက်တန်းတုန်းက ဘယ်တော့မှ စောစောမလာတဲ့ မင်းကရော ဘာလို့ အခုအစောကြီး ရောက်နေတာလဲ"
"ဒါကဒီလိုလေ။ နေရာအသစ်မှာ လူသစ်တွေကို လေ့လာဖို့။ ဒါနဲ့ မင်း ဘယ်ကလပ် join မှာလဲ"
"အစပိုင်းနှစ်နှစ်လောက်တော့ စာလုပ်ချင်သေးလို့ မ join ဘဲ နေမလားလို့"
"အေးပါကွာ။ လက်ထဲက ဘာတွေလဲ။ အဲ့ mint သကြားလုံးတွေပဲလား။ ရှာနေတဲ့ တစ်ယောက်ကို ရော တွေ့ပြီလား"

Jeong Hyeon ဘာမှ ဆက်မပြောဘဲ ခပ်ပြုံးပြုံးနဲ့ လက်ထဲက mint သကြားလုံးလေးတွေကိုသာ ကြည့်လိုက်တယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက ဒီသကြားလုံးလေးတွေက Jeong Hyeon အတွက် နှစ်သိမ့်မှုတွေ ပျော်ရွှင်မှုတွေကို သယ်ဆောင်လာပေးခဲ့တာ။ အဲ့ကတည်းက ဒါလေးတွေက သူ့အတွက် ပျော်ရွှင်ရခြင်းတွေ ဖြစ်ခဲ့တာချည်း။ အဲ့လိုအဖိုးတန်တဲ့အရာလေးမို့ ဘယ်သူ့ကိုမှ မပေးဖြစ်ခဲ့ပေမယ့် မိုးရေစက်ကြားထဲက ကောင်လေးတစ်ယောက်ကို စိတ်လိုလက်ရ ပေးခဲ့တယ်လေ။ ဒါကြောင့် အဲ့ကောင်လေးကို Jeong Hyeon ပြန်တွေ့ချင်မိတာ အမှားလား။

စဖွင့်တဲ့ရက်မို့ campus မှာ လူက သိပ်မများ။ Canteen က သောက်စရာ တစ်ခုခု ဝယ်ပြီး campus က ထိုင်ဖို့လုပ်ထားတဲ့ ခုံတန်းတွေရှိရာကို လျှောက်လာခဲ့လိုက်တယ်။ လွတ်နေတဲ့ ခုံတစ်ခုမှာထိုင်ပြီး ပါလာတဲ့အအေးကို တစ်ငုံမော့လိုက်ချိန်

🎵နွေလေပြေ တိုက်ခတ်နေချိန်
တလှုပ်လှုပ်လွင့်နေတဲ့ ချယ်ရီပွင့်ဖတ်လေးတွေ

Jeong Hyeon နဲ့ ခပ်လှမ်းလှမ်းက ကြားရတဲ့ အသံချိုချိုလေးတစ်ခုနဲ့ ဂီတာသံ ငြိမ့်ငြိမ့်လေး။ ကြားရတဲ့အသံလေးကို အနီးကပ် နားထောင်ချင်တာမို့ Jeong Hyeon အသံရှိရာကို သွားလိုက်တော့

Mint : the story beginsWhere stories live. Discover now