Chartreuse

187 23 0
                                    

𝘾𝙝𝙖𝙧𝙩𝙧𝙚𝙪𝙨𝙚 // 50% စီ တူညီစွာ ထပ်တူကျမိတဲ့အခါ လှပတဲ့ နောက်ထပ်အရောင်တစ်ခု ထွက်ပေါ်လာတယ်

~2022 July, Seobin Beach~

ညနေခင်းအချိန်ဖြစ်တာမို့ ပတ်ဝန်းကျင်က ပုစွန်ဆီရောင်တို့ ကွန့်မြူးလျှက်။ အပြာရောင်ကမ်းခြေရဲ့ အမှတ်အသားဖြစ်တဲ့ လေပြေလေနုအေးတွေက ကမ်းစပ်တစ်လျှောက် တမှုန်မှုန် တိုက်ခတ်နေပြီး သဲသောင်ပြင်ပေါ်ကို ရေမှုန်စတွေက အပြေးအလွှား နေရာလုနေသကဲ့သို့။

အရာရာက ပန်းချီကားချပ်တစ်ခုကို ဆေးခြယ်ထားဟန်ဖြစ်နေတဲ့ သဘာဝကို ခံစားရင်း Tae Rae ကမ်းစပ်နဲ့ ခပ်လှမ်းလှမ်းက သဲသောင်ပြင်ပေါ်ကနေ ထိုင်ကြည့်နေလိုက်မိတယ်။ ဒီကမ်းခြေ၊ ဒီဂျယ်ဂျူမြေကို Tae Rae မရောက်ဖြစ်တာ ကြာခဲ့ပြီမလား။ ဖေဖေရဲ့အလုပ်ကိစ္စကြောင့် အလယ်တန်းအထိ ဂျယ်ဂျူမှာ Tae Rae နေခဲ့ဖူးတယ်။ အထက်တန်းရောက်မှသာ ကျောင်းပြောင်းချင်တဲ့ သူ့ဆန္ဒကြောင့် မိသားစုလိုက် Seoul ကို အပြီး ပြောင်းသွားခဲ့ခြင်းသာ။

ကမ်းခြေကို ကားစိုက်တာနဲ့ တစ်ယောက်တည်း သိုသိုသိပ်သိပ် ထွက်သွားတဲ့ Tae Rae ကို Jeong Hyeon အချိန်အတော်ကြာ လိုက်ရှာနေခဲ့တာ အခုမှပဲ တွေ့တော့တယ်။ အချိုင့်ရာလေးက သဲသောင်ပြင်ပေါ်မှာ ထိုင်ရင်း ပင်လယ်အလှကို ငေးမောနေတယ် ထင်ပါရဲ့။ Festival နောက်ပိုင်း နှစ်ဝက်စာမေးပွဲကြောင့်ရော၊ Survey နဲ့ပါ အလုပ်ရှုပ်နေတာမို့ Tae Rae နဲ့သူ သိပ်မတွေ့ဖြစ်ခဲ့ကြ။ တစ်ခါတလေ ဒီလို မတွေ့ဖြစ်တာလည်း Tae Rae ဖက်က ရှောင်နေတာလို့ ထင်ချင်မိသလိုလို။

"Tae Rae. ဒီမှာ တစ်ယောက်တည်းထိုင်ပြီး ဘာလုပ်နေတာလဲ"

ပြောရင်း သူရှိရာဘေးနားကို ဝင်ထိုင်ချလိုက်တဲ့ Jeong Hyeon ကို ကြည့်ပြီး Tae Rae ရင်ထဲ တလှပ်လှပ်။ ပြောရရင် Festival မှာ Jeong Hyeon ပြောခဲ့တဲ့စကားကို ကြားပြီး ထိပ်တိုက်မတွေ့အောင် သူ့ဖက်က တမင်ရှောင်နေခဲ့တာလေ။

"ညနေဖက် ကမ်းခြေမြင်ကွင်းက အရမ်းလှလို့ ကြည့်နေတာ"
"အရင်တုန်းက ဒီကို ရောက်ဖူးလား"
"အင်း။ အစက ဖေဖေ့အလုပ်ကြောင့် ဒီမှာပဲ ကျောင်းတက်ခဲ့တာလေ။ နောက်မှ Seoul ကို အပြီး ပြောင်းသွားတာ"

Mint : the story beginsWhere stories live. Discover now