" 5 "

815 59 2
                                    


[unicode]

khaotungနန်းဆောင်ထဲမှာပဲနေနေတာ တစ်ပတ်ပင်ရှိနေပြီးဖြစ်တာကြောင့် နန်းတွင်းထဲလည်ပတ်ကြည့်ဖို့တွေးလိုက်သည်။

ဇာတ်ကြောင်းအရ တိုင်းပြည်မှာမင်းသမီးနှစ်ပါး ရှိကာ ရှောင်ဖုန်းရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေ ဖြစ်ခဲ့သည်။ ဒါကြောင့် ထိုဇာတ်ကောင်နှစ်ဦးအား လိုက်ရှာဖို့လည်းပါသည်။...ဇာတ်လမ်းထဲမှာတော့ မင်းကြီးက ထိုမင်းသမီးနှစ်ပါးအား ရှောင်ဖုန်းကိုအဖော်ပြုပေးရန် သွားခိုင်းစေလိုက်တာဖြစ်ပြီး ယခုသူ့အလှည့်တွင်တော့ ထိုဇာတ်ကောင်နှစ်ဦးအား အရိပ်အယောင်ပင် မတွေ့ရသေးပေ။

"အားတု....ငါထည့်ခိုင်းလိုက်တဲ့ လက်ဆောင်တွေပါရဲ့လား"

"ပါပါတယ် မင်းသား"

"အင်း ၊ကောင်းတယ်"

သူလျှောက်လာရင်းနဲ့ သစ်ပင်တွေထူထပ်နေတဲ့ နေရာသို့ရောက်လာပြီး ထိုနေရာသို့ကျော်ကာ ဖြတ်သွားမည့်အချိန်တွင် လူသံတွေအားကြားလိုက်ရသည်။

အသံတွေက အလှမ်းဝေးလှသော်လည်း ထိုအောက်နေရာမှလာတယ်ဆိုတာ သိသာနေတာကြောင့် သူဆင်းတဲ့လမ်းကိုလိုက်ရှာလိုက်တော့ ကျောက်တွေခင်းထားသည့် လူတစ်ယောက်စာမျှသာ ကျယ်သည့်လမ်းအား တွေ့လိုက်ရတာကြောင့် အောက်သို့ဖြေးဖြေးချင်းဆင်းလာလိုက်သည်။

ထို့နောက်တွင် သစ်ပင်တွေအားကျော်လွန်ကာ စိမ်းပြာရောင်ရေကြည်တွေ တစ်သွင်သွင်စီးကျနေတဲ့ ရေတံခွန်ကြီးအား တွေ့လိုက်ရတာမို့ သူ့မှာပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"ဘယ်သူလဲ!!"

khaotungသည် ရေတံခွန်အား ငေးကောင်းနေတာကြောင့် ရေထဲရှိလူတွေအား မမြင်လိုက်ပေ။ ထိုလူနှစ်ယောက်ထဲက တစ်ယောက်ဟာ သူ့အားဒေါသထွက်ကာ ကြည့်နေပြီး နောက်တစ်ယောက်ကတော့ စူးစမ်းသလိုကြည့်နေလေသည်။ ဒါပေမယ့် သူတို့နှစ်ဦးရဲ့ ချွတ်ထားသော ဝတ်စုံတွေကိုကြည့်ရုံဖြင့် မင်းမျိုးနွယ်ထဲကဆိုတာ သိသာနေတာကြောင့် khaotungကောက်ချက် ချလိုက်မိသည်က ထိုယောကျာ်းပျိုနှစ်ဦးမှာ လော့ရှင်းနှင့် ရုံနန်ဆိုသည့် ဇာတ်ကြောင်းထဲက မင်းသမီးနှစ်ပါးဖြစ်သည်ကိုပင်၊ အင်း...အခုတော့ မင်းသားနှစ်ပါးပေါ့လေ။

ɴᴏᴠᴇʟထဲရောက်လာတယ်  [ongoing]Where stories live. Discover now