" 34 "

347 30 12
                                    


[unicode]

firstက အချိန်အတော်ကြာသည်အထိ အလုပ်များနေကာ khaotungတစ်ယောက် ငိုချင်လောက်အောင် ပျင်းနေတော့သည်။ မင်းကြီးကလည်း firstအလုပ်အားသည်နှင့် စစ်ထွက်တိုက်စေတာမို့ သူတို့မတွေ့ရတဲ့အချိန်တွေ များလာခဲ့သည်။ အခုလည်း firstက ကိစ္စတစ်ခုကြောင့် အဝေးရောက်နေပြီး သူ့မှာတော့ လုပ်စရာမရှိပဲ ပျင်းရိနေတော့သည်။ ထိုသို့ပျင်းရိလာမှ လော့ရှီးနှင့်ရုံနင်တို့နှင့်အတူ အပြင်မထွက်ရသည်မှာ အတော်ပင်ကြာသွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။

သူတွေးမိနေတုန်းပင် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲဖြစ်သွားကာ လော့ရှီးနှင့် ရုံနင် ဝင်လာလေသည်။ မကောင်းဆိုးဝါးအကြောင်းတွေးရင် မကောင်းဆိုးဝါးပေါ်လာတတ်သည် ဆိုသလိုပင်။ သို့ပေမယ့် လော့ရှီးနှင့် ရုံနင်က မကောင်းဆိုးရွားတော့ မဟုတ်ခဲ့။

"khaotung မင်းသိပြီးပြီးလား။ ညကျရင် မြို့တော်မှာ ပွဲရှိတယ်ကွ!"

ရုံနင်က စိတ်လှုပ်ရှားစွာပြောလာသည်။

"ဟင် ဘာပွဲတုန်း?"

khaotungမေးတော့ လော့ရှီးကပါ ဝင်ပြောလာသည်။

"မျက်လှည့်ပြပွဲတဲ့ကွ ၊ ငါဖြင့် ကြားဖူးနားဝတောင်မရှိဘူးကွာ။ ဘယ်လိုပွဲမျိုးလဲ သိရအောင် ညကျနန်းတော်အပြင် ခိုးထွက်ရအောင်လေ။"

"ဟုတ်တယ် ဟုတ်တယ်။ ငါတို့ စစ်သူကြီးကိုပါ ခေါ်ပြီးသွားကြရအောင်။ အစ်ကိုတော်က မင်းကိုစောင့်ရှောက်ဖို့ စစ်သူကြီးကို ဒီမှာထားခဲ့တာ အသိအသာပဲကို တကယ်လို့မခေါ်သွားရင် ငါတို့တွေ အမျက်ရှခံနေရအုံးမယ်"

သွားရေးလာရေးတွေမှာ တက်ကြွလွန်းသော နှစ်ယောက်အား khaotungတစ်လှည့်စီ ကြည့်လိုက်မိသည်။ ထိုနှစ်ယောက်အတွက် မျက်လှည့်ပြပွဲဆိုတာ စူးစမ်းလေ့လာစရာ အရာတစ်ခုပင်။ သို့သော် ခေတ်သစ်မှာနေထိုင်လာပြီးသော သူ့လိုလူအတွက် မျက်လှည့်ပွဲအား ကောင်းကောင်းသိတာထက်ကို လွန်နေပါ၏။ သို့ပေမယ့် သူလည်းအမှန်တကယ် ပျင်းရိနေတာကြောင့် လိုက်သွားဖို့ဆုံးဖြတ်လိုက်သည်။ ထိုနှစ်ယောက်ကိုသာ ဒီအတိုင်းလွှတ်ပေးလိုက်ပါက စည်းကားသိုက်မြိုက်နေသော မြို့တော်ကြီးက မှောက်ခုန်ယှက်လန်သွားမှာကိုပင် စိုးရိမ်နေရပေလိမ့်မည်။

ɴᴏᴠᴇʟထဲရောက်လာတယ်  [ongoing]Where stories live. Discover now