Part 1

3K 88 4
                                    

"မီးလေး ကျူရှင်တက်ရမယ်"
"ဟင့်အင်း မတက်ချင်ဘူး"
"မတက်လို့ မရဘူး တက်ကိုတက်ရမယ် ညနေကျ ကျူရှင်သွားအပ်ပေးမယ်"
ဒါကတော့ ခွန်း နဲ့ အဒေါ်ဖြစ်သူတို့ရဲ့ အငြင်းပွားနေသံပါ.......
ညနေရောက်တော့ ကျူရှင်အိမ်ဘက်ကို ထွက်လာကြတယ် ခွန်းမှာ ရင်ခုန်နေလေပြီ စာမလုပ်ချင်တဲ့ ခွန်းက လပတ်တွေတိုင်း နောက်ဆုံးဘိတ် အိတ်နဲ့လွယ်သလို အဆင့်အမှတ်စဉ် အများဆုံးဆုကို ပိုင်ဆိုင်ထားသူလေ........
ကျူရှင်အိမ်ရောက်တော့ ကလေးတွေ အရွယ်စုံ စာလုပ်နေကြတယ် (ခွန်းက 7 တန်းကျောင်းသူကြီးလေ ☺️)........
တီတီက ကျူရှင်ဆရာမဆီ အပ်နေလေရဲ့ စိတ်ကြိုက်ဆုံးမပါ တူမလေးရယ်တဲ့
"ဪ တီတီတို့များ အခုလို ကိုယ်ချင်းစာစိတ်မရှိလို့ အပျိုကြီးဖြစ်နေတာ ဟွန့် "
ခွန်း မတိုးမကျယ်အသံနဲ့ ပြောလိုက်တယ်
ဆရာမက "ဟုတ်ကဲ့ပါတီတီ အချိုးတွေအကုန်ပြင်ပေးပါ့မယ်" တဲ့ အမလေး အာမခံနေလိုက်ပုံများ သွေးတက်စရာ.......
နောက်နေ့ညနေ 4နာရီအရောက် လာခဲ့ပါတဲ့ ဆရာမကတော့ မှာလိုက်တာဘဲ ပြီးတော့ ထပ်ပြောတာတွေလဲ အများကြီးဘဲ ခွန်းတော့ ပျင်းတယ် စကားနားထောင်တာက ခွန်းအလုပ်မှမဟုတ်တာ.......ဟီး
နောက်တစ်နေ့........
ကျောင်းကပြန်လာ ရေချိုး ပြင်ဆင်ပြီး 4နာရီလောက်မှ အိမ်က ထွက်ခဲ့တယ် ဆရာမအိမ်နဲ့ ခွန်းအိမ်က သိပ်မဝေးဘူးလေ ဒါပေမယ့် ဒီအမျိုးသမီးကို ခွန်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းဘဲ တခြားနေရာမှာ ဝာာဝန်ကျနေတာ အခုမှ ဒီနယ်ဘက် ပြန်ရောက်လာတယ် ပြောတာဘဲ........
ပြောရင်းနဲ့ ကျူရှင်အိမ်ရှေ့ရောက်လာပြီ......
အိမ်ထဲဝင်တာနဲ့ မျက်ထောက်နီကြီးနဲ့ ကြည့်နေတဲ့ဆရာမကို ခွန်း မြင်လိုက်ရတယ်.....ခွန်းအတွက် ထိုင်စရာနေရာမရှိဘူးလေ "ဆရာမ ခွန်းဘယ်နေရာမှာ ထိုင်မလဲဗျ"
"နင် ထိုင်စရာမလိုဘူး ငါ့ရှေ့ကို လာခဲ့"
"နင့်ကို ဘယ်အချိန်အရောက်လာခဲ့လို့ ပြောလိုက်လဲ"
"ဟို 4နာရီလို့ ပြောလိုက်ပါတယ်ဗျ"
"အခု ဘယ်အချိန်ရှိပြီလဲ"
ခွန်း တိုင်ကပ်နာရီကို တစ်ချက်ဝေ့ကြည့်လိုက်တယ်
"4နာရီ 20ပါဗျ"
မိနစ်20လေး နောက်ကျတာကို အပျိုကြီးတွေများ မလွယ်ဘူးနော် ပထမဆုံးရက်မှာတင် ကြိမ်လုံးနဲ့ မိတ်ဆက်ရတော့မှာလား
" နင်က မတ်တပ်ရပ်နေရတာကိုတောင် တွေးနေနိုင်သေးတယ်နော် နင့်အကြောတင်းသမျှကို ငါက ဖြေလျှော့ပေးမယ်"
"ဟိုဘက်လှည့် ဘောင်းဘီကို ဒူးအပေါ်ထိ မ တင်ထား လွှတ်မချနဲ့ နောက်ပြီး အသံမထွက်နဲ့ 1မိနစ်ကို 1ချက်နှုန်းနဲ့ အချက်20ရိုက်မယ် "
ခွန်းလဲ သူပြောတဲ့အတိုင်းနေပေးလိုက်တယ် ရိုက်ချင်လဲ ရိုက်ပေါ့ ကိုယ်က သူ့ဆီ ကျူရှင်လာတက်မိတာကို စိတ်ကတော့ သိပ်မကြည်ဘူး အိမ်မှာလဲ တစ်ဦးတည်းသောမို့ အကုန်လုံးက အလိုလိုက်ကြတယ်လေ မနိုင်စိန်လေး အိမ်ကလူတွေက ရိုက်ဖို့မပြောနဲ့ လေသံမာမာနဲ့တောင် မပြောကြဘူးလေ
"ရွှမ်း"
"ရွှမ်း"
.....
....
......
ကျွန်မလဲ ရိုက်နေတာ 10ချက် မြောက်လောက်ရောက်တော့ ဒီကောင်မလေး ခြေသလုံးဖွေးဖွေးလေးမှာ သွေးစို့နေပြီ တော်တော်အကြောတင်းတဲ့ ကလေးမလေးဘဲ ကျွန်မလဲ စိတ်မကောင်းပေမယ့် အပြစ်ရှိရင် ကျော်မသွားတတ်တာ ကျွန်မအကျင့်လေ ကလေးမလေး ရှက်လဲရှက်နေမှာ အောက်က ကလေးတွေက ဝိုင်းကြည့်နေကြတယ်လေ ကျူရှင်ပထမဆုံး လာတဲ့နေ့မှာတင် ကျွန်မလက်စာ စားရတယ်လို့ ကျွန်မကလဲ အရိုက်ကြမ်းတဲ့သူပါ ဒီကလေး ရုပ်လေးက ဖြူဖြူဖွေးဖွေးနုနုဖတ်ဖတ်လေးနဲ့ အကြောက တင်းလိုက်တာ......
"ရွှမ်း""ရွှမ်း"ရွှမ်း"ရွှမ်း"........
.......... အချက်20လဲ ပြည့်ရော သူ့ခြေထောက်လေးမှာ အရှိုးရာတွေ ရစရာကို မရှိတော့ဘူး...........
"ဟိုနားက ဆရာမ ခုံဘေးမှာ သွားထိုင်လိုက်"
အားတင်းပြီး လျှောက်နေပုံများ သနားစရာ
ဒီအဆိုးလေးကို ဆုံးမနေရတာနဲ့ ကျွန်မကိုယ် ကျွန်မတောင် မိတ်မဆက်ရသေးဘူး
ကျွန်မက ဒေါ်သက်ထားခင် အထက်တန်းပြဆရာမပေါ့ရှင်
ဟို အဆိုးလေးက မမြတ်ခွန်းချို Grade 7 ပါရှင်
ဟင်း ဒီအဆိုးလေး‌နဲ့တော့ ရှေ့ဆက် ဘယ်လိုသွားရပါ့မလဲ ကျွန်မစိတ်နဲ့တော့ ဒီကလေး ကြာကြာခံနိုင်မယ်မထင်......

Myat Khun Cho

မျှော်လင့်မိခဲ့သောWhere stories live. Discover now