Part 3

1.6K 67 7
                                    

"အဆိုးလေးက တကယ့်ကို ဉာဏ်ကောင်းတဲ့ကလေးဘဲ အပျင်းထူနေလို့သာ စာသင်ချိန်(3)ပတ်ကျော်လာတော့ သူ့အကြောင်းတော်တော်သိလာတယ် ကျွန်မလဲ တခြားကလေးတွေကို နည်းနည်းအလျော့ပေးတတ်ပေမယ့် အဆိုးလေးကိုတော့ လိုတာထက်ပိုပြီး တင်းကြပ်ထားမိတယ် အဆိုးလေးကို သူများတွေထက် တော်စေချင် တက်စေချင် ထက်စေချင်တယ်လေ.....
အချိုးတွေလဲ နည်းနည်းတော့ ပြောင်းလာတယ်လို့ ခံစားမိတယ် .....ဟူး အဆိုးလေးအကြောင်းတွေဘဲ အတွေးထဲရောက်နေတယ်........."

"ခွန်းကလေ ဆရာမလေးဆီက နူးနူးညံ့ညံ့ပြောဆိုဆက်ဆံတာလေးတွေကို မျှော်လင့်မိတယ် စာကိုလဲ ကြိုးစားဖြစ်တယ် ကြောက်တာရော ချီးကျူးခံချင်တာရောကြောင့်ပေါ့ ဆရာမလေးကလေ 6တန်းက "ဝင်းထွေးအောင်"ဆိုတဲ့ ကောင်လေးကို အရမ်းချစ်တာ အရမ်းအလိုလိုက်တယ် ခွန်းအားကျမိတယ် ခွန်းလေ ဆရာမလေးအိမ်မှာဘဲ နေရတာ ကြာပြီရယ် အိမ်ကလူကြီးတွေက အလုပ်ကိစ္စနဲ့ ရန်ကုန်သွားကြတာ ပြန်မလာကြသေးဘူး ကလေးကို ပစ်ထားခဲ့ကြတယ် ပြန်လာရင် အကြီးကြီး စိတ်ကောက်ပစ်အုံးမယ် .......

"ဒါနဲ့လေ ဆရာမလေးက ဒီညနေ မုန့်လုပ်ကျွေးမှာသိလား ဆရာမလေးကို လိုအပ်တာလေးတွေ ကူလုပ်ပေးပြီးတော့ ကလေးတွေ ကစားနေကြတဲ့ဆီ ထွက်လာခဲ့လိုက်တယ် ခွန်းက တခြားသူတွေနဲ့ ရောရောနှောနှော သိပ်မနေတတ်တော့ တစ်ယောက်ထဲ မြေကြီးပေါ်မှာ တုတ်နဲ့ခြစ်ပြီး ပုံဆွဲနေလိုက်တယ်........"

"ရှပ်......ရှပ် ......ရှပ်" (မြေကြီးပေါ်မှာ တရွတ်တိုက်လမ်းလျှောက်တဲ့အသံပါ 😁😁😁)
ခွန်း ဆွဲထားတာလေးတွေ ပျက်ကုန်ပြီ မော့ကြည့်မိတော့ ဆရာမလေးရဲ့အချစ်တော် "ဝင်းထွေးအောင်"ဖြစ်နေတယ် ခွန်းလဲ ဘာမှမပြောဘဲ ထပ်ဆွဲနေလိုက်တယ်
"ဘုတ်"
"အာ့" ခွန်း အကန်ခံလိုက်ရတာ
"ခွပ် ခွပ် ခွပ် " ခွန်းမျက်နှာကို ဆင့်ကာဆင့်ကာ ထိုးနေတာ
ခွန်းလဲ ကြောင်နေတာ ခွန်းအရမ်းနာနေပြီ မခံနိုင်တော့လို့ သူ့လည်ပင်းကို ပြန်ညှစ်လိုက်မိတယ် ခပ်ဖွဖွဘဲ ညှစ်တာပါ သူရပ်အောင်လို့ ဆရာမလေး သိပ်ချစ်တဲ့ကလေးမို့ ခွန်း နာကျင်အောင် မလုပ်ရဲပါဘူး

ထိုအချိန်
"မြတ် ခွန်း ချို ရပ်လိုက်စမ်း"
ဟိုအကောင်က ငိုနေပြီ
ခွန်းကို အော်ပြီး အိမ်ထဲဝင်သွားသော အမျိုးသမီးနောက် ခွန်းမျက်လုံးက လိုက်ကြည့်မိတယ်
မကြာပါဘူး ပြန်ထွက်လာတယ် လက်ထဲမှာ ခါးပတ်ကိုင်လျက်နဲ့ အဲ့ခါးပတ်က သူမ ကိုယ်တိုင်ကြိုက်လို့ Singapore ကနေ မှာထားတာလေ Leather စစ်စစ်ပါ ရေမရောဘူး 😁

"မြတ်ခွန်းချို  နင်ဒီနားကို လာခဲ့စမ်း"
"နင်က အငယ်ကို ဒီလိုလုပ်စရာလား အငယ်ကို ညှာတာရမယ်ဆိုတာ နင်နားမလည်ဘူးလား ဟမ် နင့်အိမ်မှာ ဘယ်လိုနေနေ ငါ့အိမ်မှာ ဒါမျိုး အချိုးလာမချိုးနဲ့ "
"ခွန်း မလုပ်ပါဘူး ဆရာမလေးရယ် ခွန်း ရှင်း.. ရှင်းပြပါရစေနော် "
"နင်က ငါ့မျက်လုံးနဲ့ မြင်တာကိုတောင်"
"ခွန်း ဘာမှ မလုပ်ပါဘူး ဆရာမလေး"
"ဖြန်း" ခွန်း ပါး တစ်ဖက် လှည်ထွက်သွားတယ် ဟုတ်ပါတယ် ခွန်း ပါးကို ခါးပတ်နဲ့ ရိုက်ချလိုက်တာပါ
"နင်က ကိုယ်လုပ်တဲ့အပြစ်ကို ဝန်ခံရဲတဲ့သတ္တိမရှိဘူး အဲ့လိုလူမျိုးကို ငါက အရမ်းမုန်းတယ် အရမ်းရွံတယ်"
"ဖြန်း ဖြန်း ဖြန်း ဖြန်းဖြန်း................
............................
..........................ဖြန်း ဖြန်းဖြန်း......
ဘယ်နှစ်ချက်မှန်းမသိတော့ ခွန်း မြေကြီးပေါ်မှာ ပစ်လဲနေလေပြီ

"နင် အခုချက်ချင်းထ နင့်မျက်နှာကို ငါမမြင်ချင်ဘူး နင့်အသံလဲ ငါမကြားချင်ဘူး နင် အခုချက်ချင်း ငါ့အိမ်ကနေ ထွက်သွား ငါ့အိမ်မှာ နင့်လို လူအတွက် နေရာမရှိဘူး "

"ဆရာမလေး"
"ဖြောင်း" ခွန်းကို ထပ် ကန်လိုက်ပြန်ပြီ

ခွန်း အားတင်းပြီး အိမ်အပြင်ဘက် ထွက်ပြေးလာခဲ့တယ် ......

ညကလဲ မှောင်နေပြီလေ .........

Myat Khun Cho

မျှော်လင့်မိခဲ့သောWhere stories live. Discover now