Part 2

1.7K 73 4
                                    

အဆိုးလေးနား သွားထိုင်ပြီး သူ့ကိုစာသင်မယ့်အချိန်စာရင်းကို ပြောပြလိုက်တယ် ကလေး‌တွေအကုန်လုံးက 4နာရီကနေ 6နာရီအထိလေ ပညာဒါနဖွင့်ထားတာပါ ကျွန်မတတ်နိုင်တဲ့ဘက်က ကုသိုလ်ယူချင်လို့ပါ ကျွန်မကလေးတွေ ပညာတတ်ကြီးတွေဖြစ်ရင် ကျွန်မလဲ ပင်ပန်းရကျိုး နပ်ပါပြီ ကလေးတွေက ငယ်ပေမယ့် လိမ္မာကြပါတယ် မလိမ္မာရင်လဲ ကျွန်မ ကြိမ်လုံးက လူမရွေးဘူးလေ ကျွန်မဆီမှာ 10တန်းကလေးက နှစ်ယောက် 9တန်းတစ်ယောက် 7တန်းကတော့ ဟိုအဆိုးလေး 6တန်း 3/2/1တန်း တစ်ယောက်စီ ရှိကြတယ် ......
အတွေးလွန်နေလိုက်တာ သတိရလို့ ကြည့်တော့ အဆိုးလေး ငိုနေပြီ .......
ကျွန်မက 10ကလေးနှစ်ယောက်ကို အိမ်မှာ ညအိပ်ခေါ်ထားရတယ် အိမ်မှာကလဲ ကျွန်မရယ် မေမေရယ် ဖေဖေရယ် သုံးယောက်ထဲရယ် အခုတော့ အဆိုးလေးပါ ထပ်တိုးတော့မယ် ထင်တယ်

"ကဲ ကလေးတွေ စာအုပ်တွေသိမ်းပြီး ပြန်ကြတော့နော် ဒီနေ့ ဆရာမ စောစောပြန်လွှတ်လိုက်မယ် အိမ်ကို တန်းတန်းမတ်မတ်ပြန်ကြနော်"
"ဟုတ်ကဲ့ပါဆရာမ × အားလုံး"
"ဆရာမလေး" ဆိုတဲ့ အသံပိစိလေး ကျွန်မကြားလိုက်ရတယ် လှည့်ကြည့်မိတော့ မျက်ရည်တွေနဲ့ မော့ကြည့်နေတဲ့ အဆိုးလေး
"အဆိုးလေး ဘာဖြစ်လို့ငိုနေတာလဲ"
"ခွန်း နာလို့ပါ အိမ်မပြန်နိုင်ဘူးရယ်"
"မင်းကို ဘယ်သူက အိမ်ပြန်ရမယ်ပြောလို့လဲ"
"ဟင့်" ဆိုပြီး ခေါင်းလေး ငုံ့သွားတယ်
"လာ အခန်းထဲ သွားမယ် မင်းကို ဆေးလိမ်းပေးရမယ်"
"ဟင့်အင်း ခွန်းကြောက်တယ် မလိုက်ဘူး"
"ရတယ်လေ မင်း အခုချက်ချင်း မတ်တပ်ရပ် ဟိုဘက်လှည့်ပြီး လက်ပိုက်ထား ကောင်းကောင်းပြောလို့မရရင် ငါ စိတ်မရှည်ဘူး"
ကျွန်မလဲ ကြိမ်လုံး ထ ဆွဲပြီး ရိုက်မယ်ပြင်တော့
"ဆေးလိမ်းပါ့မယ် ဆရာမလေး"
တွေ့လား ကျွန်မထက် ကြိမ်လုံးကို ပိုကြောက်ပါတယ်ဆိုတာကို.....
အဆိုးလေးကို ဆေးလိမ်းပေးပြီး ကျွန်မလဲ အဆိုးလေးအိမ်ဘက် ထွက်ခဲ့လိုက်တယ်.....
အဆိုးလေးရဲ့မိသားစုဆီက အုပ်ထိန်းခွင့်အပြည့်အဝရဖို့ သွားတောင်းတာပါ လူကြီးတွေကလဲ ဝမ်းသာအားရနဲ့ အုပ်ချုပ်ခွင့်ပေးလိုက်ကြတယ်လေ....

ဒီလိုနဲ့ဘဲ..... အဆိုးလေးရဲ့ အုပ်ထိန်းသူဖြစ်လာခဲ့တယ်......

Myat Khun Cho

မျှော်လင့်မိခဲ့သောWhere stories live. Discover now