The Moon Is Coming To Me
Chapter-20
မနက်ခင်းစောစောတွင် ရှောင်ထောင်ကာတွန်းကလပ်၏ဥက္ကဋ္ဌမှာ အတန်းကိုအချိန်ကိုက်မှသာ လာတတ်သည့် တစ်ဦးတည်းသော စာဖတ်သူလေးနှင့် ထင်မြင်ချက်ချင်း ဖလှယ်ရန်အတွက် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည်။ အကြင်စာဖတ်သူသည် မျက်နှာထားအေးတိအေးစက်နှင့် စာသင်ခန်းထဲသို့ ဝင်လာပြီး ထိုင်ခုံကိုဆွဲထုတ်ကာ ထိုင်ချရင်း နားကြပ်ကောက်တပ်လျက် စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ လုပ်ဆောင်ချက် တစ္ခုလုံးကို ဒီအင်န်အေတွင် ရေးထိုးထားသည့်အလား တသွေမတိမ်းဘဲ တစိုက်စိုက်မတ်မတ် လုပ်သွားခဲ့သည်။
ထောင်ရှီးမှာ အချိန်အတော်ကြာအောင် လွန်ဆွဲနေမိပြီးနောက် မနေနိုင်စွာ ခန္ဓာကိုယ်ကိုအရှေ့သို့ ညွှတ်လိုက်သည်။ ထို့နောက် လက်ညှိုးနှစ်ချောင်းဖြင့် လေးထောင့်ကွက်ပုံစံလေးလုပ်ပြလိုက်ကာ သိုသိုဝှက်ဝှက် မေးလိုက်သည်။
ဘယ်လိုနေလဲ
သူ့လေသံမှာ သန်းခေါင်ယံည၏ လူဆိုးဂိုဏ်းမှ လူဆိုးလေးတစ်ယောက်အလားပင်။
လင်ချင်းဟယ်က နားကြပ်ကို ချွတ်လိုက်သည်။ သူ၏ရှည်လျားသော မျက်တောင်ရှည်များမှာ အောက်သို့ ငိုက်စိုက်ကျနေ၏။ သူက ထောင်ရှီး၏ လက်ချောင်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထောင်ရှီး၏ တဖျတ်ဖျတ်တောက်ပနေသည့်မျက်လုံးများကိုကြည့်ကာ အရေးမစိုက်သောလေသံဖြင့် ပြောလိုက်သည်။
ဘာကိုပြောတာလဲ
ထောင်ရှီး၏ လက်ချောင်းလေးများမှာ တစ်ဒင်္ဂမျှရပ်သွားသည်။ မနေ့က သူ ကျောင်းလွယ်အိတ်ထဲ တိတ္တိတ္ကေလး ထည့်ပေးလိုက်သည့် ကာတွန်းပုံလေးကို လင်ချင်းဟယ်က အိမ်ရောက်သည်အထိ ဖွင့်မကြည့်မိသေးတာများလား.
အိတ်ကိုလုံးဝဖွင့်မကြည့်ရသေးတာလား
သူ ပျာယာခတ်သွားပြီး ထိုင်ခုံနောက်ရှိ လင်ချင်းဟယ်၏လွယ်အိတ်ကို ငုံ့ကြည့်လိုက်သည်။ ကြည့်လေကြည့်လေ သူ့ခမျာ ပို၍ပင် ပျာယာခတ်လာရတော့သည်။ အိတ်ကိုလုယက်ယူလိုက်သော်လည်း အိတ်ထဲ၌ မည်သည့်အဖိုးတန်ပစ္စည်းမှ မရှိနေသည်ကို တွေ့လိုက်ရသည့် သူခိုးတစ်ယောက်အလားပင်။