Part 2

1.3K 34 4
                                    

" ဟေ့ရော်တွေ ငါပြန်တော့မယ် ကျောင်းရှေ့မှာ ဘကြီးသိန်းလာကြိုနေပြီး "

" အေးပါကွာ အိမ်ရောက်ရင် ဆေးလိမ်းလိုက်ဦး ငါကတော့ ငဘုန်းကိုလိုက်ပို့ပေးလိုက်ဦးမယ် "

" အေးပါကွာ မင်းတို့လည်း လိမ်းလိုက်ကြဦး"

" sorry ပါကွာ မင်းတို့တွေ ငါ့ကြောင့် ရိုက်ခံရတာ "

" မဟုတ်တာကွာ ငါတို့က သူငယ်ချင်းတွေပဲ ဆိုးတူကောင်းဖက်ပေါ့ "

" သွားပြီး ဟေ့ရော်ရေ bye !  "

" အားးးးရှီး"

"ဘာဖစ်တာလဲသား ..."

" ဘာမှမဖြစ်ပါဘူး ဘကြီးသိန်း "

တကယ်တော့ ဖင်က ထိုင်လို့တောင်မရဘူး ဆရာကြီး လက်ချက် ဘယ်လောက်ကြမ်းလဲဆိုတာ
ဖငိလေး မြောက်ကြွ မြောက်ကြွနဲ့ တလမ်းလုံး စီးလာရတယ်

" သားရေ ပြန်ရောက်ပြီလား ဒီမှာ ကြီးကြီးမြ သားကြိုက်တတ်တဲ့ ဖရဲသီးစိပ်လေး ခွဲထားတယ် "

" မစားတော့ဘူး ကြီးမြ ကျွန်တော် ပင်ပန်းနေလို့ သွားနားတော့မယိ "

" ဟော ဒီကလေး ဘယ်လိုဖြစ်တာလဲကွယ် ခါတိုင်းဆို သူကြိုက်တဲ့ ဖရဲသီးကို အားရပါးရစားပြီးတော့ ဒီက သူစားစေချင်လို့ ခွဲပေးထားတာကို"

" ဟူးးးး လွယ်အိတ်ကို ဘေးမှာချပီး ကုတင်ပေါ်မှောကိချလိုက်တယ် "

" အားး ကျွတ် ကျွတ် .. နာလိုက်တာကွာ တင်ပါးကို လက်လေးနဲ့ပွတ်နေတယ် "

ဒေါက် ဒေါက် ဒေါက်

" လာပြီ ကြီးမြ "
" သားရေ သားဒယ်ဒီ ဖုန်းဆက်တယ် "

" hello ဒယ်ဒီ "
" သား ခေတ် နေကောင်းတယ် မလား"

" ဒယ်ဒီ နောက်တပတ်ထဲ ပြန်လာဖို့ရှိတယ် ငါ့သား ဘာလိုချင်လဲ ဒယ်ဒီ ဘာဝယ်ခဲ့ရဦးမလဲ "

" ရပါတယိ ဒယ်ဒီ တကူးကကြီး မဝယ်နေပါနဲ့ သားလိုချင်လည်း ဒီမှာ ဝယ်လို့ရနေတာပဲဟာ "

" သားဟိုတခါက ဒယ်ဒီကို ဂိမ်းစက်လိုချင်တယ်လို့ပြောဖူးတယ်မလား "
" ဒယ်ဒီိ အဲ့တာ ဝယ်ခဲ့မယ် ငါ့သားအတွက် "

" ဟုတ် ဒယ်ဒီ "

" ငါ့သား စာတွေရော် လိုက်နိုင်ရဲ့လား ပြီးခဲ့တဲ့လက အဆင့်တွေလည်းမကောင်းဘူးနော် ဒယ်ဒီက မင်းအနားမှာ အနီးကပ်မရှိနိုင်ပေမဲ့ မင်းအကြောင်းတွေကို ဒယ်ဒီအကုန်ပြန်သိရတယ် သား"

ချစ်ကြောက်ရိုသေပေါ့ဗျာWhere stories live. Discover now