Part 3

1.3K 33 0
                                    

" အကိုကြီး အလုပ််လုပ်နေတာလား ... ဒီမှာ အကိုကြီးစားဖို့ အသီးခွဲလာတယ် စားလိုက်ဦး အကိုကြီး "

" အေး ဟာ မမြရာ ငါလည်း တပတ်လောက်ဆိုပြီး မြန်မာပြည်ပြန်လာလိုက်တာ ဟိုကအလုပ်ကိစ္စတွေက နည်းနည်း ပြသနာဖြစ်နေတယ်ဟ ငါပြန်မှဖြစ်မယ် "

" အကိုကြီးရယ် ပြန်မှဖြစ်မှာလား တခါတခါလည်း လာဖို့လွယ်တာလည်းမဟုတ်ဘူးလေ ခေတ် လေး ခမျာမှာလည်း အမေမရှိ အဖေကလည်း အဝေးမှာနဲ့ လာတုန်းလေးတော့ နေပါဦး အကိုကြီးရယ် "

" အေးပါ ငါလည်း နေချင်တာပေါ့ ငါအခုလုပ်နေတာတွေကလည်း ငါ့သားအတွက်ပါပဲ "

" ဟင့် ကိုကြီးကသာ ငါ့သားအတွက်လို့ပြောနေတာ ဟိုမှာကဖြစ် နောက်တယောက်ယူထားပြီးတော့ ..."

" ဟ မိမြ ငါ နောက်တယောက်ယူထားတာက တရာဝင်ယူထားတာမဟုတ်ဘူးဟ ဒီအတိုင်း အဆင်ပြေလို့ living together နေနေကြတာ ဟိုနိုင်ငံမှာက အဲ့တာတွေ မဆန်းပါဘူးကွာ "

" ငါ သေရင် ငါပင်ပင်ပန်းပန်းရှာထားတဲ့ အမွေတွေကို ငါ့သားပဲ အပိုင်ရစေရမယ် "

" မ်ိမြရာ ငါ့သားဆိုပေမဲ့ သူ က မိန်းကလေးပဲလေ ငါကသားလိုချင်လို့သာ ငယိငယိထဲက သားတယောက်လိုသဘောထားခဲ့ရတာ သိပ်တော့ စိတ်မချဘူးဟ "

" စိတ်မပူပါနဲ့ ကိုကြီးရာ .. ကိုကြီးသားက ယောကျ်ားတွေထက်တောင်ပိုကျားသေးတယ် ဒီတသတ် ယောကျ်ားတော့ရမှာမဟုတ်ဘူး ရချင်းရ မိန်းမပဲယူမှာ အဲ့ကောင်က "

" ဟားဟား ဒါမှ အဖေတူသားကွ "

" သားရေ ... အောက်မှာ ထမင်းပွဲတွေပြင်ထားပြီ ထမင်းစားခန်းထဲလာခဲ့တော့ "
" ဟာ လာ ငါ့သား .. ထိုင်ဒီမှာ "

" ဒယ်ဒီနဲ့ ထမင်းလက်ဆုံမစားရတာတောင် အတော်ကြာပီ"

" ငါ့သား ထည့်စားလေ အဖေထည့်ပေးမယ် ရော့ ဒီမှာ ငါ့သားကြိုက်တဲ့ ပုစွန်ဟင်း "

" ဒယ်ဒီ ... ဒယ်ဒီ ဒီမှာ ကြာကြာနေဦးမှာမလားဟင် "

" ဟူးးးး ဒယ်ဒီလည်း အခုပဲပြောမလိုပဲ ဒယ်ဒီ မနက်ဖြန် ပြန်ရတော့မယ်သားးး"

" ဗျားးးး ဒယ်ဒီ ... ဒယ်ဒီပြောတော့ တပတ်လောက်နေဦးမှာဆို "

" ဒယ်ဒီလည်း တပတ်လောက်ကြာကြာနေဖို့လုပ်ထားတာပါပဲကွာ ... ဟိုမှာက ဒယ်ဒီပြန်ပီး ကိုယ်တိုင်ရှင်းရမဲ့ ပြသနာလေးတခုပေါ်လာလို့ မပြန်လို့မဖြစ်လို့ပါသားရယ်.."

ချစ်ကြောက်ရိုသေပေါ့ဗျာWaar verhalen tot leven komen. Ontdek het nu