Mafiaကတော်က အဆိပ်ပြင်းတယ် 9

104 6 2
                                    

' ဝုန်း '

" ဟင် မင်း "

" ‌ပြောကြည့်လေရင်ထဲပေါ့သွားတာပေါ့ မင်းကငါ့ကိုရှုံးခဲ့တဲ့အကောင် အဲ့တော့ဒီကားကငါ့ကား ငါဒီကားကိုဘာလုပ်လုပ်မင်းမှာဝင်စွပ်ဖက်ခွင့်မရှိဘူး "

ကိုး အဲ့ခွာသတောင်းစေးကို အမြင်ကပ်လို့
မှိုင်းညို့ထဲက မီးခြစ်တောင်းပြီး အဲ့ကောက်ကားကို မီးရှို့ပြစ်လိုက်တယ် ဟက် အရှုံးအမားကတော့
‌ဆွေ့ဆွေ့ခုန်နေလေရဲ့ အရှိန်အဟုန်နဲ့လောင်ကျွမ်း
နေတဲ့ကားရယ် အရှုံးသမားလေးမျက်နာရယ် ပေါင်း
လိုက်တော့ သိပ်ကို မျက်စိပဒေသာရှိလေစွ ဟွန်း

" မင်းတို့မြဲမြဲမှတ်ထား ငါဆိုတဲ့ကိုးက အဲ့လိုလူမျိုးဆိုတာ နောက်တစ်ခါဆို ဒီကားအစား မင်းဖြစ်သွား
မယ် အပြောဆိုလေးတွေဆင်ခြင်ပေါ့ကွာ "

ကိုးပြောပြီးတာနဲ့ ထွက်လာခဲ့လိုက်တယ် နောက်က
ကောင်တွေရဲ့ တောက်ခေါက်သံပြင်းပြင်းကလဲမပါ
မဖြစ်ပေါ့ အလကား အာချောင်ချင်တဲ့ကောင်တွေ

" မဟာ မင်းကောင်လေးနောက်ဆက်မလိုက်တာ
ကောင်းမယ်ထင်တယ်နော် " တဲ့ ငခါးကထပြောလာတယ်

ငခါးကြည့်ရတာတော်တော်လန့်သွားပုံဘဲ အေးလေ
ကိုယ်လို့နတ်ဆိုးဘုရင်တောင် ကောင်လေးရဲ့
ရုတ်တရပ် လုပ်ချလိုက်တဲ့ပုံကြောင့် နည်းနည်းတော့အံ့ဩသွားမိသွားတယ် ကောင်လေးကအဆိပ်ပြင်းမဲ့ပုံဘဲ

" မင်းတို့နေရင်နေခဲ့ ငါတော့မပြီးသေးတာလေး
လိုက်ပါဆောင်ရွက်လိုက်အုံးမယ် "

" ငါတို့လဲလိုက်မယ် "

Nine club

မဟာ clubထဲဝင်လာတာနဲ့ ကောင်လေးကို
အရင်ရှာမိတယ် ဟောတွေ့ပါပြီ နောက်ဆုံးက
ညာဘက်ထောင့်လေးမှာ ဟိုကောင်မလေးပါ ပါလာတာဘဲ မဟာမျက်မှောင်အနည်းငယ်ကျုံ့မိလိုက်
တယ် နေရာတကာပါတယ် သူနဲ့ကိုမလွတ်ဘူး
မဟာတို့လဲ ကောင်လေးတို့ဝိုင်းရဲ့ မျက်နာချင်း
ဆိုင်တစ်ဝိုင်းကျော်မှာဝင်ထိုင်လိုက်တယ် မဟာ
ကောင်လေးကိုမျက်တောင်မခတ်တမ်းကြည့်နေ
တုန်းမှာဘဲ ‌တော်‌တော်sexyကျတဲ့‌‌ ‌ကောင်မလေး
တစ်ယောက်က ကောင်လေးဆီရောက်လာပြီ
‌ပေါင်‌ပေါ်ခပ်တည်တည်နဲ့ ဝင်ထိုင်နေတယ်
‌ကောင်လေးကြည့်တော့လဲ မျက်နာသေနဲ့

  Mafiaကတော်က အဆ်ိပ်ပြင်းတယ်Hikayelerin yaşadığı yer. Şimdi keşfedin