Part 14

1.3K 90 8
                                    

အချိန်အခါအားဖြင့်မနက်၁၁နာရီရှိနေသော်လည်းကုတင်ပေါ်က လူသားနှစ်ယောက်ကတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်နေကြသရဲ့

ခနကြာတော့ lisaနိုးလာခဲ့တယ် သူ့ဘေးနားကိုကြည့်တော့ သူ့လက်မောင်းကိုခုအိပ်နေတဲ့ကောင်မလေးရဲ့ မျက်နှာပေါ်ကဆံနွယ်ကိုပင့်တင့်ပေးပြီး မျက်နှာပေါ်သို့အနမ်းတစ်ပွင့်ချွေလိုက်တယ်

နေရောင်ကသူမ မျက်နှာပေါ်ကျနေတာကြောင့် သူ့လက်မောင်းအစားခေါင်းအုံးထားပေးလိုက်ပြီးထလိုက်သည်

ခန်းစီးကိုပိတ်ပြီးတော့ သူရေချိုးဖို့ပြင်လိုက်တော့တယ် သူမကတော့ညကပင်ပန်းလွန်းသည်ထင်ပါရဲ့နှစ်ခြိုက်စွာအိပ်နေတယ်

ရေချိုးခန်းထဲရောက်တော့ သူ့ကိုယ်ပေါ်က အရာတွေကိုကြည့်ပြီးရယ်လိုက်တယ်

ကျောပေါ်မှာလည်းသူမရဲ့ကုတ်ခြစ်ထားတဲ့လက်သည်းအရာတွေ

သူမကတကယ့်ကြောင်ပုံစံလူလေးဘဲ

.

.

.
သူမနိုးလာရင်စားဖို့မနက်စာကို လုပ်ဖို့ အနီးအနားလေးက ဆိုင်သွားပြီးရှိတာလေးတွေဘဲဝယ်လာခဲ့တယ်

သူအိမ်ပြန်ရောက်သည်အထိသူမ မနိုးလာသေးပါ

သူလည်းပေါင်မုန့်ကြက်ဥကြော်ရယ် အသားညပ်ပေါင်မုန့်ရယ်လုပ်လိုက်တော့သည်

သူမအရမ်းကြိုက်ပါသည်ဆိုတဲ့Black Coffeeလေးကို လည်းဖျော်ပြီးစားပွဲပေါ်သို့တင်လိုက်သည်

နောက်ဆုံးတော့သူမကိုနိုးဖို့ရန်သာကျန်တော့သည့

နောက်ဆုံးတော့သူမကိုနိုးဖို့ရန်လုပ်လိုက်တော့

နောက်ကနေ သူ့ခါးကို လက်သေးသေးနဲ့လာဖက်ပြီးကျောပေါ်သို့ မျက်နှာအပ်လာသည်

''နိူးပြီလားး''lisa

''အွန်းး မောင်ရောဘယ်ချိန်ကထသွားတာလဲ''jennie

''ခုနလောက်ကပါ janeစားရအောင်လို့မောင်ရှိတဲ့ဆိုင်သွားပြီး လုပ်တတ်တာလေးတွေလုပ်ထားတာ''lisa

Heavy HeartWhere stories live. Discover now