Part 15

1.4K 86 13
                                    

၁.၃.၂၀၁၇

ကြီးမားလွန်းတဲ့ခန်းမကြီးရယ်လှပလွန်းတဲ့ အပြင်အဆင်တွေရယ် မြောက်မြားစွာသော ကျောင်းသားတွေရယ် မိဘတွေရယ်ဓာတ်ပုံဆရာတွေရယ်နဲ့ပြည့်နက်နေတဲ့ ဘွဲ့နှင်းသဘင်ခန်းမ

နောက်နာရီဝက်နေရင် အားလုံးခန်းမအတွင်းနေရာယူမည့်အချိန်ဖြစ်သည်

ကောင်မလေးတစ်ယောက်ကလည်း မရောက်လာသေးတဲ့ သူမရဲ့ချစ်ရသူကို နာရီတကြည့်ကြည့်နဲ့စောင့်နေလေရဲ့

ဘယ်လိုဘဲ အဆင်မပြေဘူးပြောပြော ဘွဲ့ယူတဲ့အချိန်မှာတော့ သူနဲ့သာအတူရှိချင်သည်

''မောင်ဘာလို့ရောက်မလာသေးတာလဲ ''jennie

ဖုန်းတွေဆက်တိုက်ခေါ်နေပေမဲ့လည်း အဝင်သာရှိပြီးတစ်ဖက်က မကိုင်နေ

သူမဘေးမှာက သူမရဲ့အမေရယ် kaiနဲ့ သူ့ရဲ့ မိဘတွေရယ်

''သမီး lisaကရောက်လာမှာပါ မာမီတို့အရင်ဝင်ကြရအောင်လေ''Jennie's mom

''ဟုတ်ကဲ့မာမီ ''jennie

အကုန်လုံးနီးပါးလောက်ကလည်းဝင်သွားကြသည်မို့ မလွဲသာလို့သာဝင်လိုက်ရသည်

......................

''ဒယ်ဒီပြီးရင်သွားရအောင်လေbanတို့နောက်ကျနေပြီ''lisa

''လာပါပြီကွယ် ''Lisa's dad

''မာမီ မြန်မြန်လုပ်တော့ ''lisa

တစ်အိမ်လုံးကိုပျာယာခတ်နေတော့ သူလည်းဖုန်းကို မကိုင်မိ

သူမနဲ့အဆင်ပြေသွားပြီလားး??.

ပိုတောင်ဆိုးလားသလားထင်ရတယ် သူမကလားး သွားရတော့မယ်ဆိုတော့အလုပ်တွေပိုအလုပ်ရှုပ်နေသည် နှစ်ပတ်လည်တွေ နေ့တောင်မေ့မေ့လျော့လျော့ရှိခဲ့သည်

kaiနှင့်လည်း တွဲသွားတွဲသွားရှိပြီး တချို့ဆိုသူတို့ကိုတွဲနေပြီတောင်ထင်နေကြသည်

သူကအဲ့ကိစ္စကိုပြောတိုင်းသူမက ဆက်စကားမပြောတော့ဘဲလျစ်လျူရှုသည်

သူ့မှာတော့အကြောင်းပြချက်ရေရေရာရာမရှိဘဲဘာကြောင့်ဒီလိုဖြစ်နေရတာလဲ

Heavy HeartWhere stories live. Discover now