Happy Shen day [shentaerae]

416 39 2
                                    

- Unicide -

ကိုးယောက်တည် ကမ္ဘာငယ်လေးဟာ တိတ်တိတ်ဆိတ်ဆိတ်လေးပင်... မကြာခင် အသက်အားဖြင့် 19နှစ် ပြည့်မယ့် ငွေရောင် ဆံနွယ်လေးတွေနဲ့ ကောင်ငယ်လေးဟာ Drom ထဲတစ်ယောက်တည်း အထီးကျန်စွာ...
မကြာခင် သူ့မွေးနေ့သို့ ရောက်ရှိရင် အချိန်ဟာ နီးကပ်လာချေပြီ...
ပထမဆုံး ဒီနွေးထွေးမှုလေးတွေနဲ့ ဖြတ်သန်းရမဲ့ မွေးနေ့လေးကိုဒီလူသားငယ် ရှစ်ယောက်ဟာ မေ့လျော့နေသလားတွေးရင်း
ရှန်တစ်ယောက် နှုတ်ခမ်းလေးတွေ ဆူချင်လာသယောင်..

Knock.. Knock တံခါးခေါက်သံငယ်ဟာ ရှန့်မျက်လုံးလေးတို့အား အရောင်လက်စေကာ၊ နှုတ်ခမ်းထပ် အပြုံးတို့အားဖြစ်ပေါ်စေသည်။ သို့ပေသိ မူပိုင် မျက်နှာတည်လေးဖြင့်ပင် တံခါးဖွင့်ပေးလိုက်သည်...။

ကိတ်ကလေးအား ကိုင်ထားသူရဲ့ ပါးနှစ်ဖက်တွင် ပါးချိုင့်လေးတွေက အထင်းသား.. နောက်ပါးဆီက အစ်ကိုတွေ အပါအဝင် အငယ်လေးတွေကလည်း ပြုံးပြုံးလေး

"Happy Birthday Ricky" ကိတ်မုန့်ကိုင်ထားတဲ့ သူလေးက ဆိုလေတော့ ရစ်ခီ အသာအယာပြုံးမိပါရဲ့
မီးထွန်းထားသော ကိတ်လေးရှေ့ မျက်စိလေး မှိတ်ကာ ဆုတောင်းနေသော ရစ်ခီဟာ ကလေးလေးပါပဲ
အသက် 19နှစ်ပြည့်ပြီး လူကြီးလေးဖြစ်ချင်ပင်မဲ့ သူ့ထပ်နှစ်,နှစ်ငယ်တဲ့ ကလေးလေးမို့ ထယ်ရယ် ခပ်ပါးပါးလေးပြုံးရင်း ငေးမိသည်..။

ခပ်တည်တည် မျက်နှာထားလေးဟာ အစဉ်ပင်မဲ့ တစ်ခါပြုံးတိုင်း ထယ်ရယ် တိတ်တိတ်ကလေး အချစ်ပိုရသည်မှာ ကိုယ့်အကြောင်း ကိုယ်သာ သိလေရဲ့...
ရှက်သွားတဲ့အခါ မျက်လွှာလေး ချသွားသည်က ရင်ခုန်ခြင်းတွေပင်...

မျက်လုံးမှိတ်ကာ ဆုတောင်းတွေပြုနေသည်ကို ငေးနေတဲ့ ရှေ့က ပါးချိုင့်လေးတွေရဲ့ ပိုင်ရှင်ကြောင့် ရစ်ခီမှာ ဆုတောင်းတွေပင် မတည်ငြိမ်ချင်... ဆုတောင်းတွေဟာ တောင်ရောက် မြောက်ရောက်နဲ့ပင် ဆုတောင်းတွေအား "ထယ်ရယ်ဟျောင်း" ဟုသာ ခေါင်းစဉ်တပ်လေပါတော့...မြန်မြန်လေးဆုတောင်းခြင်းအားလက်စသတ်ကာ ဖယောင်းတိုင်မီးလေးအား အလျှင်အမြန်မှုတ်လိုက်သည်..။

အကုန်လုံးရဲ့ဆုတောင်းလေးဟာ တစ်သားထဲပင်
"ငါတို့ ရစ်ခီလေး အများကြီးပျော်ရွှင်ပါစေ"တဲ့

ZB1 One short collection 🦋Where stories live. Discover now