#.𝗇𝗀𝖼𝗆𝗅𝖿𝗎 [𝗌𝗁𝖾𝗇𝗍𝖺𝖾𝗋𝖺𝖾]

271 30 0
                                    

• 𝗎𝗇𝗂𝖼𝗈𝖽𝖾 •

"လမ်းခွဲရကြအောင် ကိုကို"
ရစ်ခီ့ဘက်က ပြောလာတဲ့ စကားလုံးတို့အား နားထောင်ရင်းထယ်ရယ် မျက်လုံးဝိုင်းလေးဖြင့် ရစ်ခီ့အား ကြည့်မိသည်..။ သေချာကြည့်ရင် ထယ်ရယ့် မျက်လုံးထဲတွင် ရစ်သိုင်းနေတဲ့ မျက်ရည်ကြည် တချို့ကို တွေ့ရပေမည်..။ အမေးစကားတို့အားမမေးမိခင် ရစ်ခီက ဆက်ပြောလာသည်..။

"ကိုကို.. အာ ဘယ်ဟုတ်မလဲ? ဟျောင်းပေါ့ ဟျောင်းလည်း ကျွန်တော့ကို စိတ်ကုန်နေလောက်ပြီမလား.. ကျွန်တော့် လုပ်ရပ်တွေကိုလေ".. အဆုံးသတ်တွင် ပိုပိုသာသာလေး ဖိပြောလိုက်တဲ့ စကားလုံးတို့ဟာ ထယ်ရယ့် ရင်ကို အစိမ်းလိုက်ခွဲသည့်နှယ်.. စိတ်ကုန်ဖို့ဆိုတာ မဖြစ်နိုင်ခြင်းတွေပါပဲ.. မျက်ရည်စတွေဟာ ထယ်ရယ့်ပါးပေါ် ဖြေးဖြေးချင်းလေး စီးကျတယ်..။ တစ်ချိန်နာကျင်ရမှာ သိရက်.. ဇွတ်တိုးခဲ့ခြင်းတွေက ခုအဲ့အချိန်ကိုရောက်လာခဲ့ပြီပဲ ~

ကျောခိုင်းလိုက်တဲ့ ရစ်ခီ့ကျောပြင်ကို ငေးရင်း... ထယ်ရယ်စကားစအနည်းငယ်ကို ဆိုမိသည်..။

"ပိုချစ်တဲ့သူက အရှုံးတဲ့..
ကိုယ်ကပဲ အရှုံးပေးပါတယ် မောင်..
ပိုချစ်တဲ့သူက ကိုယ်ဖြစ်နေခဲ့တာကို..
ဆက်ဆံရေးတစ်ခုမှာ မောင်က မပျော်ရွှင်တဲ့အခါ ကိုယ်ကပဲအသာတကြည်လေး နာကျင်စွာ လက်ခံ၊ လက်လွှတ်ပေးလိုက်ရုံပေါ့"...

တုံ့ခနဲရပ်သွားတဲ့ ရစ်ခီ့ခြေလှမ်းတွေ.. ပြန်လှည့်လာပါစေ ဆုတောင်းခဲ့ပင်မဲ့.. ဆုတောင်းတွေက ပြည့်မှ မပြည့်တတ်ဘဲ...

အချစ်ကြောင့် ဆိုတဲ့ ခေါင်းစဉ်အောက် မျက်ရည်တွေ ကုန်ခမ်းမှာကိုလည်း တွေးပူရတာပါပဲ.. တွေးထားခဲ့တဲ့ စိုးရိမ်မှုတွေကြား ထယ်ရယ် အသက်ရှူတွေရပ်တန့်သွားပါတော့၊ နှလုံးသွေးတွေ ကုန်ခမ်းသွားပါတော့ဆိုတဲ့ ဆုတောင်းချက်တွေ အသာအယာဆုတောင်းမိတယ်..။

.

ချစ်သူဆိုတဲ့ ပိုင်ဆိုင်ခြင်းပြပုဒ်တွေနဲ့ မပိုင်ဆိုင်ရခင်ကလည်း တွေးပူခဲ့သလို.. ပိုင်ဆိုင်သွားတဲ့ အခါလည်း တွေးပူခဲ့ရတာပါပဲ.. ထယ်ရယ့် ညတာတွေဟာ အတွေးလွန်ရင်း ရှည်တတ်ပါရဲ့..

ZB1 One short collection 🦋Nơi câu chuyện tồn tại. Hãy khám phá bây giờ