⌗.𝚠𝚍𝚢𝚜 [𝚐𝚢𝚞𝚔𝚢]

397 38 0
                                    

.𝚞𝚗𝚒𝚌𝚘𝚍𝚎.

တိမ်ညိုတွေ အုံ့မှိုင်းတဲ့ရာသီ
ဒီကမ္ဘာဟာ လွမ်းဖျား၊ လွမ်းနာအတိ
အနောက်မြောက်ထောင့်က မိုးသားလေးတွေ
အငြိုးကြီးတဲ့ ရာသီ..

.

များမကြာခင်အချိန်မှာ ကောင်းကင်ဟာ ငိုကြွေးတော့မည့်ဟန်..
အုံ့မှိုင်းပြနေတဲ့ ရာသီဥတု။ မိုးသားတိမ်ရိပ်တွေဟာ တရိပ်ရိပ်တက်လာပြီး မိုးသက်လေတို့ဟာ စွေလျက်..။

ဂယူဗင်းတစ်ယောက် ကောင်းကင်အခြေအနေအား ကြည့်လျက် ခြေလှမ်းတို့အား ပို၍ သွက်လိုက်သည်။ ဘစ်စဘောကစားတဲ့ ကွင်းပြင်နား အရောက် ဂယူ့ခြေလှမ်းတွေ ဖြေးဖြေးလေး နှေးမိသွားသည်။ မိုးစက်တွေဟာ စတင်ကျဆင်းနေပြီဖြစ်သလို၊ ဂယူမျက်ဝန်းမှ အရည်ကြည်တစ်စက်ဟာ ပါးပြင်သို့ ဖြတ်စီးသွားလေသည်။ ခေါင်းအားတချက်ခါလျက် ဂယူ ထိုနေရာမှ အလျင်အမြန် ကျောခိုင်းရင်း လျှောက်မိသည်။

.

❛အညိုရောင် တိမ်တိုက်လေးတွေဟာ
သည်းကာ မိုးရွာစေတတ်သလား??
ဒဏ်ရာဟောင်းတွေ မိုးနဲ့တွေ့ရင်
အသစ်ပြန်ဖြစ်သွားသလား??❜

အနည်းငယ် မိုးမိလာသည်မို့ ဂယူ ရေမိုးချိုးရင်း ခေါင်းပါ တခါတည်း လျှော်လိုက်တော့သည်။ ရေစက်လက်နဲ့ ခေါင်းအား မသုတ်သေးဘဲ ပြတင်းပေါက်မှာ လှမ်းမျှော်ကြည့်မိတော့ အပြင်ဘက်လောကတစ်ခွင် ညိုမှောင်နေလျက်။ မိုးစက်တွေဟာ အငြိုးကြီးစွာ ရွာသွန်းနေပြီဖြစ်သည်။ တဘက်အား ပခုံးပေါ်တင်ရင် ကော်ဖီတစ်ခွက်ဖျော်လိုက်ပြီး ပြတင်းပေါက်နားက စားပွဲထပ်တင်လိုက်ပြီး ကုလားထိုင်ကို ဆွဲကာ နေရာယူလိုက်သည်။ အငွေ့တွေ ဝေ့ဝဲနေသည့် ကော်ဖီခွက်အား ငေးစိုက်ကြည့် အတွေးအရိပ်တစ်ခုဟာ စိတ်ထဲနေရာယူ ပျံ့လွင့်သွားပြန်သည်။

"ကင်မ်ဂယူတို့များနော်... ငါမပြောရင် မပြောတဲ့အတိုင်း..
ဆံပင်ကို ရေစက်လက်နဲ့ မနေပါနဲ့ဆို" ပြောလည်းပြော ဆံနွယ်ဖြူ ပိုင်ရှင်လေးဟာ သူ့ခေါင်းကို တဘက်နဲ့ ရေသေချာသုတ်ပေးနေသည့် ပုံရိပ်.. စစ်မှန်လွန်းတဲ့ ပုံရိပ်တွေဟာ အိမ်အနှံ့မှာ ပျံ့နှံ့လျက်... မျက်ရည်စတွေဟာ အပြင်ဘက်က မိုးစက်တွေအလားပါပင်။

You've reached the end of published parts.

⏰ Last updated: Sep 14, 2023 ⏰

Add this story to your Library to get notified about new parts!

ZB1 One short collection 🦋Where stories live. Discover now