{Unicode}
အခန်း(၇၃)
သွမ့်မင်ယန်၏ စကားကြောင့် လီလော့မှာ ရှေ့နောက်တောင်မြောက်ပင် မခွဲခြားနိုင်တော့လောက်အောင် ဖြစ်သွားရသည်။ သူတို့နှစ်ဦး၏ ပတ်ဝန်းကျင်တွင် လူမည်မျှ ရှိနေစေကာမူ အရေးမစိုက်နိုင်တော့။ သူ့ အသိအာရုံသည် သွမ့်မင်ယန်၏ နှုတ်ခမ်းများတွင်သာ ရောက်ရှိနေပြီး အနားသို့ တိုးကပ်သွားကာ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
" အင်း၊ ငါ .... "
" ရဲစခန်း ရောက်ပါပြီ "
ကျင်းရန် အသံက ရုတ်ခြည်း ထွက်ပေါ်လာသည်။
" ..... "
သူ့မျက်နှာကို ငရုတ်ရည်နှင့် ဖျန်းခဲ့စဥ်ကပင် ကျင်းရန်အား လစာဖျက်ဖို့ မစဥ်းစားခဲ့မိပေ။ ခုတော့ဖြင့် လီလော့သည် ထိုကိစ္စအား အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ပြီး ဖြစ်နေသည်။
ဤသည်ကို ကြားသည်နှင့် သွမ့်မင်ယန်သည် လီလော့အား အုပ်မိုးထားရာမှ ခပ်မတ်မတ် ပြန်ထိုင်လိုက်ပြီး
" ထတော့ "
လီလော့မှာ ဘာမှ မတတ်နိုင်ဘဲ ပြန်ထထိုင်လိုက်ရသည်။ ထိုင်လိုက်ပြီး ပြတင်းပေါက်မှ တဆင့် လှမ်းမြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့တကိုယ်လုံး အေးခဲသွားရ၏။
ရဲစခန်းတွင် မည်သူက သတင်းပေးလိုက်မှန်း မသိ။ ကင်မရာတစ်လုံးနှင့် မိုက်ခရိုဖုန်းတစ်လုံးစီ ကိုင်ဆောင်ထားကြသည့် သတင်းထောက်များဖြင့် ပြည့်နှက်နေသည်။ သူတို့တွေသည် ကားရှေ့ထိုင်ခုံတွင် ထိုင်နေကြသည့် ကျင်းရန်နှင့် ကျန်းလျို့ရှဲန်းကို တွေ့လိုက်ကြသည်တွင် သားကောင်၏ အနံ့ကို ရလိုက်သည့် သားကောင်များသဖွယ် အပြေးရောက်လာကြပြီး သူတို့နှစ်ယောက်အား ဝိုင်းရံထားတော့သည်။
လီလော့ရှိသည့် ပြတင်းပေါက်ဘက်မှာပင် သတင်းထောက် ခုနစ်ဦး ရှစ်ဦးခန့် ရှိနေပြီး အထဲဘက်မှ မြင်ကွင်းကို မြင်ရလို မြင်ရငှား စုပြုံတိုးဝေ့ကြည့်နေကြသည်။ ဤသည်ကို တွေ့လိုက်ရသည်နှင့် လီလော့သည် ဇက်အသာပုကာ ချက်ချင်း ခေါင်းပြန်လှည့်လိုက်ရပြီး သူ လက်ရှိနေနေသည့် အနေအထားကို တစ်ခါပြန်ကြည့်မိတော့သည်။ သူသည် သူဌေးဖြစ်သူ၏ ပေါင်ပေါ်တွင် ထိုင်နေပြီး လက်အစုံကမူ သူဌေး၏ လည်ပင်းထက်တွင် သိုင်းလျက်သားရှိနေကာ အသေအချာကိုပင် သွေးဆောင်ဖြားယောင်းနေဟန်က အတိုင်းသားဖြစ်နေ၏။

ВЫ ЧИТАЕТЕ
နံနက်မိုးသောက် အလင်းရောက်သောအခါဝယ် {မိခင်ဘာသာသို့ ပြန်ဆို}
Любовные романыTitle: AD Author: လစ်တဲလ်အိုင်း(စ်)ကျု Status: Completed with 87 + 14 Extra သွမ့်မင်ယန် × လီလော့ သွမ့်အိမ်တော်၏ သခင်လေး(Gong) × ချောမောလှပသည့် နာမည်ကြီးသရုပ်ဆောင်(Shou) ------------ သွမ့်မိန်ယန် × လီလော့ သွမ့်အိမ်တော်၏ သခင်လေး(Gong) × ချောမောလှပသ...