8

538 77 10
                                    

"ဂျိုးကို အခုတလောမတွေ့ဘူး ထယ်'

"အာ..ဟုတ်တယ်
ဂျိုးကို ထယ်အလုပ်ထုတ်လိုက်တာ'

"ဘာလို့လဲ ? ဂျိူးကကိုတို့နဲ့အတူရှိလာတာ
ကြာပြီလေ ပြဿနာဖြစ်ကြလို့လား'

"အဲ့လိုမဟုတ်ပါဘူးချစ်သူရဲ့
သူ့ကိုပဲမဟုတ်ဘူး ဘေးတပည့်တွေကိုပါ
အလုပ်ထုတ်လိုက်တာ မှောင်ခိုအလုပ်လည်း
မလုပ်တော့တာမို့‌လို့လေ ထုတ်လိုက်တာ'

"အော် ဟုတ်ပြီ မင်းသဘောပါပဲ'

ဂျောင်ကု ထယ်ယောင်းကိုသိပ်ပြီး
မသင်ကာစဖြစ်လာပြီ။ သူဘန်ကောက်
ရောက်နေတုန်းက ဖုန်းခေါ်ရင်လည်းမကိုင်ပဲ
နေတာတွေ၊အခုသူပြန်ရောက်တော့ ဂျိုးကိုပါ
အလုပ်ထုတ်ထားတာတွေ၊ဂျိုးဆိုတာ
ထယ်ယောင်းနဲ့ဂျောင်ကုရဲ့ညီလေးလိုပင်
အဲ့တာကိုထယ်ကအလုပ်ထုတ်တယ်ဆိုတော့
ဂျောင်ကု ဒီကိစ္စကိုစုံစမ်းဖို့တစ်ခုခု
လုပ်ရတော့မည်လေ။ ထယ်လည်းအခုတလော
သိပ်မူမမှန်ပေ။ ဂျောင်ကုကထယ့်ကိုယုံလို့သာ
ဘာမှမစုံစမ်းတာ‌ပင် အခုတော့ဒီတိုင်းနေနေလို့
မရတော့။
_____________________________________

* Ting *

'King Woo စားသောက်ဆိုင်မှာ
စားပွဲထိုး၀င်လုပ်နေတယ်'

ထယ်ယောင်းတစ်ယောက် ဆာရာဘယ်မှာ
ရှိလဲစုံစမ်းခိုင်းထားတဲ့စုံထောက်ဆီက
၀င်လာတဲ့စာကိုကြည့်ရင်းကျေနပ်နေမိသည်။
ချက်ချင်းဆိုသွားလို့မဖြစ်တာကြောင့်
ဂျောင်ကုလက်ကလွတ်အောင် ဘယ်လို
ထွက်ရမလဲစဉ်းစားနေမိသည်။

"ထယ် ကိုအပြင်သွားဦးမယ်'

အချိန်ကိုက်ပင်ဂျောင်ကုက
အပြင်သွားမည်ဆိုတာကြောင့်
ထယ်ယောင်း ပျော်သွားသည်။

"ဟုတ်ပြီ ဂရုစိုက်သွားနော်ချစ်သူ'

"အော် ကောင်းပြီ'

ပုံမှန်ဆိုဘယ်သွားမှာလဲပိုရင်မေးတတ်တဲ့
ထယ်ယောင်းက ဂျောင်ကုကိုမမေးပဲ
သွားခွင့်ပြုနေတည်းက ဂျောင်ကုကပိုမသင်ကာ
ဖြစ်နေမိတော့တာပင်။ဒါပေမယ့်သူ
ဂျိုးဆီပိုရင်သွားရမည်လေ။

ဂျောင်ကုထွက်သွားတာနဲ့
ထယ်ယောင်းလည်းသူ့ကားကိုထုတ်ကာ
မက်ဆေ့ခ်ျထဲကလိပ်စာအတိုင်း
ထွက်လာလိုက်တော့သည်။

𝖪𝗂𝗅𝗅 𝖡𝗂𝗅𝗅Where stories live. Discover now