အခန်း |2|

819 129 5
                                    

[Unicode]

လေထုထဲတွင်ရှက်ရွံ့​သည့် အ​ငွေ့အသက်များဖြင့်ပျံ့နှံ့သွားသည်။

ကျင့်ရှီဝူသည် ထိုင်ခုံနှင့်စားပွဲကြားတွင် ပိတ်မိသွားပြီး နဖူးမှ​နေ၍ ချွေး​များစီးကျလာကာ သူ့အသက်ရှုသံသည်လည်း မတည်ငြိမ်​တော့​ပေ။သူ့ရင်ဘက်သည်လည်း နိမ့်​ချေ မြင့်​ချေဖြင့် အလွန်အမင်းအတက်အကျမြန်လျက်ရှိ​နေကာ သူ့မျက်နှာဝိုင်းဝိုင်း​လေးထံတွင်လည်း အထိတ်အလန့်​ကြောက်ရွံ့မှုများနှင့် ပြည့်နှက်​နေ​ပေသည်။

ကျင့်ရှီဝူသည် အချစ်စာကိုသူ့​နောက်​ကျောတွင်ကွယ်လိုက်ကာ,
"ရှန်..ရှန်ချန်း"

ရှန်ချန်းသည် သူ၏သွယ်လျလှပ​​သော မျက်ခုံးများကိုကျုံ့လိုက်ကာ အေးစက်စွာ​ပြောလိုက်သည်။
"မင်းငါ့ပစ္စည်းတစ်ခုခုကို ခိုးထားတာလား"

"ကျွန်​တော်မခိုးဘူး!"

မတရားဘူး!ဒါလုံးဝကို မတရားတာပဲ!

ရှင်းရှင်း​ပြောရရင် ဒါကသူ့ပစ္စည်းသူပြန်ယူတယ်ဆိုတာထင်ရှား​နေတာပဲ...

ကျင့်ရှီဝူ၏အညို​ရောင်မျက်လုံးဝိုင်းဝိုင်းများသည် ရှန်ချန်း၏ခံစားချက်မဲ့​နေ​သော အနက်​ရောင်မျက်လုံးများဖြင့် ဆုံ​တွေ့သွား​​သောအခါဝယ် သူ့ဝိဥာဏ်ထဲထိတိုင်​အေးစက်မှုကိုခံစားလိုက်ရသည်။
ထိုခံစားချက်က သူ့ကိုအနည်းငယ်တုန်လှုပ်သွား​စေ​ပေမယ့် သူ့မှာအပြစ်မရှိ​ကြောင်းကို​တော့ ရဲရဲဝံ့ဝံ့ ပြန်​ပြောလိုက်သည်။
"ငါမင်းဆီကဘာမှမခိုးခဲ့ဘူး!"

ထိုစကား​ပြောပြီး​နောက် သူအနည်းငယ်စိတ်ဆိုးသွားကာ သူ့​ခေါင်းကိုငုံ့လိုက်သည်။သူသည် ရှန်ချန်းထက်အရပ်ပိုပု​သော​ကြောင့် ယခုပုံစံသည်ငုံးငယ်​လေးတစ်​ကောင်နှင့်ဆင်တူ​လေသည်။

ရှန်ချန်းအံ့သြသင့်စွာဖြင့် သူ့မျက်ခုံးများပင့်သွား​လေသည်။

အတိတ်တုန်းက ကျင့်ရှီဝူသည်အလွန်အမင်း စိတ်ကြီးဝင်ကာ ပွင့်ပွင့်လင်းလင်းမ​ပြောတတ်​ပေ။သူသည် ချက်ကျလက်ကျဖြင့်ပွင့်ပွင့်လင်းလင်း​ပြောရမည့်အစား လူဆိုး​လေးတစ်​ယောက်လို​အော်ဟစ်ငြင်းခုံ​နေတတ်သည်။

သံသယကြီးလွန်းတဲ့ဇာတ်လိုက်၏ဇနီး​​​ဟောင်းအဖြစ် ပြန်လည်ရှင်သန်လာခြင်းWhere stories live. Discover now