အခန်း |3|

1.1K 146 8
                                    

[Unicode]

ကျင့်ရှီဝူက မတ်တပ်ထရပ်ရင်းယဥ်​ကျေးစွာ ပြောလိုက်တယ်။
"ဆရာမ ကျွန်​တော်အ​နောက်မှာထိုင်​နေလို့ ကျောက်သင်ပုန်းကိုမမြင်ရဘူးဖြစ်​နေတယ် ပြီး​တော့ ရှေ့ကဒုတိယတန်းမှာ ဘယ်သူမှမထိုင်တဲ့အတွက် ကျွန်​တော်ထိုင်လို့ရနိုင်မလားဟင်"

ရှေ့တန်းမှာ နေရာလွတ်ရှိ​နေတယ်ဆိုတာက သူတို့အခန်းထဲကို ကျောင်းသားသစ်တစ်​ယောက်မှ ရောက်မလာသည့်အတွက်​ကြောင့်ပင်။ထို့​ကြောင့် ထို​နေရာကလစ်လပ်​နေစမြဲ။

ဟျူ​ကျောင်းက အံ့သြသင့်သွားရင်း သေချာ​အောင်လို့ ထပ်​မေးလိုက်တယ်။
"ရှေ့တန်းမှာလား"

အခြားအတန်း​ဖော်​တွေကလည်း အနည်းငယ်ထိတ်လန့်သွားခဲ့ကြတယ် သူတို့ထင်တာ ကျင့်ရှီဝူက ရှန်ချန်းနားသွားထိုင်မယ်​ပေါ့...

ကျင့်ရှီဝူက ပြောလိုက်သည်,"အဆင်​ပြေတယ်မလား ဆရာမ"

"ကောင်းပြီး မင်းသွားထိုင်နိုင်တယ်"

ကျင့်ရှီဝူကလည်း နာခံမှုရှိစွာဖြင့်,
"ကျေးဇူးတင်ပါတယ် ဆရာမ"

သူကရိုးသားပုံ​ပေါက်ပြီး​တော့ သူ့ရဲ့အ​ကြောင်းပြချက်ကလည်း ပုံမှန်ပဲ။ဒါ့အပြင် သူ​ပြောင်းချင်တဲ့ခုံက လေးလိုင်း​မြောက်မှာရှိတဲ့အတွက် ရှန်ချန်းနဲ့လည်း​ဝေးတယ်။ဘယ်လိုပဲကြည့်ကြည့် မူမမှန်တဲ့ရည်ရွယ်ချက်မ​တွေ့ရဘူး။

ဒါ​ပေမယ့် ဘယ်လိုပဲသာမာန်ဖြစ်​နေပါ​စေ အဲ့တာကသာမာန်ဖြစ်​နေပုံမ​ပေါက်ဘူး ဟုတ်ပြီလား?!

သူကဘယ်သူမို့လို့လဲ,ကျင့်ရှီဝူက ဘာတစ်ခုမှမလုပ်တတ်ဘဲနဲ့ အ​နောက်တံခါး​ပေါက်က​နေ ဝင်လာတဲ့သူတစ်​ယောက်​လေ။အမြဲတမ်းပြဿနာရှာတတ်တဲ့ ဒီပြဿနာ​ကောင်​လေးက​နောက်ဆုံး​တော့ အသိတရားရသွားပြီလား..

အတန်းထဲမှာ ဆွေး​နွေးသံ​တွေအလျှိုလျှိုထွက်​ပေါ်လာသည် :

"ဘာ​တွေဖြစ်​နေတာလဲ"

"သူဘာလုပ်ဖို့ ကြံနေတာလဲ"

"ကြည့်ရတာ သူအတန်း​ဖော်ရှန်ကို နှောင့်ယှက်ဖို့နည်းလမ်းသစ်ရှာ​နေတာဖြစ်မယ်"

You've reached the end of published parts.

⏰ Last updated: May 26, 2023 ⏰

Add this story to your Library to get notified about new parts!

သံသယကြီးလွန်းတဲ့ဇာတ်လိုက်၏ဇနီး​​​ဟောင်းအဖြစ် ပြန်လည်ရှင်သန်လာခြင်းWhere stories live. Discover now