အပိုင်း ၄

128 5 0
                                    

Unicode


ငြိုးမာန်ဖွဲ့မာယာဧကရီ (၄)

အပိုင်း.၄

" ဟေ့..ဒီမယ်အမိ "

နောက်ကအသံကြားလို့ သူမလှည့်ကြည့်မိတော့..
စောနက လူနှစ်ယောက်..
ဟင်..ပါးမှာချယ်ရီပန်းပုံနဲ့ပါလား..
ခုနကသတိမထားမိဘူးပဲ

" ဘာလဲ.. ငါ့ကိုခေါ်တာလား.."

သူ့ခေါ်သံကြောင့်လားမသိ အမိက
နောက်လှည့်ကြည့်လျက် သူ့ကိုယ်သူလက်ညိုးထိုးပြလာသည်။
ထို့ကြောင့် ခပ်ပြတ်ပြတ်ပြန်ဖြေမိသည်။

" အေး..ဟုတ်တယ်.."

ထိုအခါ အမိကမဲ့ပြုံးပြုံးလိုက်ပြီးလျှင်
ပုဝါကို အနီလေးဆီကမ်းပေးလိုက်ခါ..
သူ့တို့ဆီပြန်လှည့်လာလေသည်။
အာ..ဘာလဲကွာ
ဘာလို့ ဒီလောက်ထိလူသတ်ငွေ့ပြင်းရတာလဲ
ဝေကွမ်း..သူ ကျောထဲထိစိမ့်ခနဲ
သို့သော်လည်းပြောစရာရှိတာတော့ပြောရပေမည်။

"_မင်းတောင်းပန်သင့်တယ်..
_ဘာကိုလဲ.."

"မင်း..ပုဝါကို အတင်းယူသွားတယ်လေ
မင်းခွင့်တောင်းသင့်တာပေါ့.."

ထိုအခါ အမိက ဟက်ကနဲတစ်ချက်ရယ်လျက်

" ငါ့ပုဝါငါပြန်ယူတာလေ
ငါကမင်းကိုတောင်းပန်ရမယ်ပေါ့ဟုတ်လား"

"ပုဝါက မင်းပစ္စည်းဆိုပေမယ့်
မင်းတို့ဂရုမစိုက်လို့လွင့်ကျလာတာလေ
ပြီးတော့ ငါ့အကိုမျက်နှာပေါ်မှာ
ဒါကိုမင်းက..ပိုင်စိုးပိုင်နင်းဆွဲယူသွားတာ
မရိုင်းဘူးလား.."

ဟာ..ဟိုလူတော့သေတော့မှာပဲဟု
ကျန်တဲ့လူတွေ၏စိတ်ထဲမှပြောနေကြသလို
ရပ်ကြည့်နေကြသူအားလုံးရဲ့အကြည့်တွေမှာလည်းစိတ်ပူလျက်ရှိနေကြလေသည်။
ထိုအချိန်မှာပင် ရာဖုန်း၏ထီမထင်ရယ်မောလိုက်သံနှင့်အတူ
အေးစက်စက်စကားသံကိုပါကြားလိုက်ရလေသည်။

" ဟက်..!
ဒီမှာ..ပုဝါတစ်စကြောင့်အသတ်ခံရတယ်ဆိုမင်းလည်းနာမည်ပျက်မယ်
ငါလည်းအလွန်ဖြစ်မယ်
ဒါကြောင့်ဒီမှာပဲရပ်လိုက်တော့.."

ဝေကွမ်းတော့မသိ ဘေးကရပ်ကြည့်နေတဲ့သူကတော့ ကျောထဲထိအေးစိမ့်လာတာ..
အဲ့ဒိမိန်းကလေးနားက အေးစိမ့်ပြီးလူသတ်ငွေ့တွေထွက်နေတာမြင်မကောင်းပေ။
ထို့ကြောင့် မနေသာတော့သဖြင့်

" ငြိုးမာန်ဖွဲ့မာယာဧကရီ "(Completed)Where stories live. Discover now