အပိုင်း ၂၆

99 4 0
                                    

Unicode

ငြိုးမာန်ဖွဲ့မာယာဧကရီ (၂၆)

အပိုင်း_၂၆

" ဟင်..မင်းဘာလုပ်..ဘာဘာ..အားးးး "

သူ့လက်ကိုရုတ်တရက်ကြီးလှမ်းဆွဲကိုင်လိုက်သော မိန်းကလေး
ပထမတော့ရင်တောင်ခုန်သွားသေးတယ်
နောက်တော့မှ သူ့အတွင်းအားတွေစုပ်ယူနေတာမှန်းသိလိုက်ရသဖြင့် ရုန်းကန်မိတော့သည်။
အားးးရားး
သို့သော ရုန်းလို့လဲမရပေ
သူ့အော်သံတောင်သိပ်မထွက်တော့ပါ

ဝုန်းခနဲ
အရုပ်ကြိုးပြတ်လဲကျသွားသော ထိုလူကိုကြည့်ပြီးနောက်
ရာဖုန်းမှာ သူမ၏အတွင်းအားတွေကိုစုစည်းလျက်
သူမအားချည်နှောင်ထားသော သံကြိုးတို့ကိုအတွင်းအားသုံး၍ ဖျက်ဆီးလိုက်လေသည်။
ထို့နောက် သံကြိုးပြတ်သွားသည်နှင့်တံခါးအပြင်ထွက်ပြေးသွားလေတော့သည်။

" ဟာ..ဟင်..
မင်း ဘယ်လိုလုပ်.."

အံ့သြနေသောအစောင့်တွေကို..လက်ဝါစာကျွေးပြီးနောက်
သူမမှာ အချုပ်ခန်း၏အပြင်ဖက်သို့

" ဟေး...မင်းဘယ်လိုလွတ်လာတာ
အကျဉ်းသားလွတ်သွားပြီ
ရန်သူဟေ့..ရန်သူဗျို့ "

ရဲမက်တွေ၏သတိပေးအော်ဟစ်သံတွေ ဆူညံသွားလေတော့သည်။

ထိုအချိန်မှာပင် အမတ်ကြီးနှင့်အတူ
အကျဉ်းထောင်ဘက်လာနေသော စစ်သူကြီးဟွမ်းတစ်ယောက်
အကျဉ်းထောင်ဖက်မှ အရေးပေါ်အချက်ပေးသံကြားလိုက်ရသဖြင့် အံ့ဩသွားလေသည်

" ဘာလဲ..ဘာဖြစ်တာလဲ "

"စစ်သူကြီး...အဲ့တာကလေ..
ဟ်ု..ဟိုမိန်းကလေးလွတ်လာပြီး
ကျွန်တော်တို့လူတွေကို တိုက်ခိုက်နေလို့ "

'ဘာ..ဘယ်လိုလုပ်လွတ်လာတာလဲ
အသုံးကိုမကျဘူး
မိန်းကလေးတစ်ယောက်ကိုတောင်ကြည့်မထားနိုင်ကြဘူး
သွား ရှေ့ကလမ်းပြ "

ပြောလဲပြော အဆိုပါစစ်သူကြီးဆိုသူမှာ
တိုက်ခိုက်သံတွေလာရာဖက်သို့
စိတ်ပူပြီးပြေးလာရာ
စစ်ရေးကွင်းပြင်တွင် သူ၏တပ်သားတွေနှင့်
တိုက်ခိုက်နေသော မိန်းကလေးအားတွေ့လိုက်ရလေရာ
နှုတါမှလွှတ်ခနဲရေရွတ်မိသွားတော့သည်။
ဟင်..ဖြူဖြူအရိပ်ကလေး
ဟုတ်ပါ့ တစ်ကိုယ်လုံးဖြူစွတ်နေသည်ဝတ်စုံဖြူ ဆံပင်ဖြူတွေနှငိ့ ထိုမိန်းကလေးအားရိပ်ခနဲရိပ်ခနဲသာမြင်ရလေသည်။
သူ့လူတွေလဲအများကြီးသေနေပြီဖြစ်၏

" ငြိုးမာန်ဖွဲ့မာယာဧကရီ "(Completed)Where stories live. Discover now