အပိုင်း - ၁

429 60 5
                                    

🌷🌷🌷🌷

" ဝမ်ရှောင်ချန်
အသက် ၅၂ နှစ် "

မျက်ဝန်းလှလှ အပြုံးချိုချိုအမျိုးသမီး၏ ဓာတ်ပုံရှေ့ ခရမ်းရောင်ကျူးလစ်ပန်းစည်းတစ်ခုရောက်နှင့်နေတယ်။ရိပေါ်သူ့လက်ထဲက ဆင်တူပန်းစည်းကိုငုံ့ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်တယ်။
အတူရှ်ိချိန်က အရေးမစိုက်ဘဲ လောကကြီးထဲထွက်ခွာသွားမှ အကဲပိုဂရုစိုက် အဖြစ်သည်းပြနေတဲ့ ပါးပါးကိုနာကျည်းမိတာ ရိပေါ်မှားသလား။ ခုတောင် မားအကြိုက်ခရမ်းရောင်ကျူးလစ်ပန်းကို ပို့ခိုင်းထားပြန်ပြီ။

' မား . . ကျွန်တော်နောက်ကျသွားတာ တောင်းပန်ပါတယ် '

ပန်းစည်းကိုအုတ်ဂူရှေ့အသာချရင်း မျက်ရည်ဝဲလာခဲ့တယ်။ မားမရှိတဲ့နောက် ရိပေါ်ဘဝက သဲကန္တရထဲတစ်ယောက်တည်းရောက်နေသလိုပင်ပန်းလွန်းနေပြီ။နာနာကျင်ကျင်အော်ခေါ် ပစ်လိုက်ချင်ပေမယ့်မားအရိပ်က အနားမှာ ရောက်မလာနိုင်တော့ဘူးမဟုတ်လား။

' မားဒီညလည်း အိပ်မက်ထဲကိုအလည်လာခဲ့ဦးနော် '

အိပ်မက်ကနိုးလာတိုင်း ငိုကြွေးခဲ့ရတဲ့အကြောင်းကိုတော့ပြောမထွက်ခဲ့ဘူး။

' နွေဦးရာသီရောက်ပြီ မားစိုက်ခဲ့တဲ့ပန်း‌တွေခြံထဲမှာအရမ်းလှတာပဲ နောက်တစ်ခါ သေချာပေါက်ခူးလာခဲ့ပါ့မယ် မားသိလား အားမိလည်းကလေးမွေးတော့မယ် မားရှိရင် အရမ်း‌ပျော်မှာပဲ အခုတော့ အားမိလည်းသနားစရာကောင်းတယ် အားကိုးရတဲ့ယောကျာ်းလည်းဆုံး
ဂရုစိုက်ပေးမယ့် သခင်မလည်းမရှိ
ကျွန်တော်အိမ်လည်းမပြန်ချင်ဘူး'

နွေဦးလေပြေလေးတွေက နှစ်သိမ့်ပေးနေ‌ယောင် ဖြေသူမရှိ
တစ်ယောက်တည်းစကားထိုင်ပြောနေခဲ့တယ်။

' မားအဆင်ပြေနေတယ်မဟုတ်လား မားကတော့အေးချမ်းသွားပြီ
ဝမ်ဝမ် ဘယ်လိုဆက်ရှင်သန်ရမလဲမသိ‌တော့ဘူး '

လွန်ခဲ့တဲ့သုံးလက မားနဲ့အတူဒါရိုက်ဘာလီ ကားမတော်တဆမှုကြောင့် ကံကြမ္မာဆိုးဝင်ခဲ့ရှာတယ်။
ပါးပါးက ပေကျင်းမှာအနေများပြီး
မိန်းမကိစ္စအရှပ်အရှင်းကင်းပေမယ့် အမြဲငွေရှာဖို့ချည်းတွေးနေတဲ့ပါးပါးနဲ့ မားအမြဲစကားများရတယ်။ ရှန်ဟိုင်းမက နယ်စပ်ယူနန်အထိ ရုံးခွဲအများကြီးဖွင့်နိုင်တာတောင် ပါးပါးကမကျေနပ်နိုင်သေးဘူး။သားကြီးကိုUS ပို့ပြီးစီမံခိုင်းထားပြန်တယ်။ ရိပေါ်လိုချင်တဲ့ဂရုစိုက်ကြင်နာမှုတွေကိုမားတစ်ယောက်တည်းသာပေးခဲ့တယ်။

Purple Diary ( Uni ) Where stories live. Discover now