အပိုင်း - ၃ ( uni )

261 41 5
                                    

🌷🌷🌷

နွေဦးကောင်းကင်ကြီးလှပသလောက် ဟောင်ရွှမ်းအတွက်‌ရင်မောစရာနေ့ဖြစ်လာတယ်။ရှေ့ကစာသင်ကျောင်းဆောင်ကြီးကိုကြည့်ပြီး သက်ပြင်းရှည်ကြီးချရလောက်အောင် စိတ်ဖိစီးနေရှာတယ်။ ဒီလိုဖြစ်အောင် အကြံထုတ်ခဲ့တဲ့ စုံထောက်ပီတာပန်ကိုအပြစ်တင်ရမလား မသိတော့ဘူး။မဝတ်ရဆယ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ကျောင်းသားဝတ်ယူနီဖောင်းကိုဝတ်ထားတဲ့အပြင် မုန်းစရာကျောင်းစာအုပ်တွေကိုလွယ်ထားရရှာတယ်။ ကျောင်းစာဆိုတာ ဟောင်ရွှမ်းအတွက်အိပ်ဆေးပဲ။

' အဟင်း ဒီကညီလေးကကျောင်းသားအသစ်ထင်တယ် '

ရဲသားကြီးဘဝကနေ ကျောင်းသားပေါက်စဖြစ်သွားတဲ့ ပါတနာကောင်လေးကို ရှောင်းကျန့်ပခုံးပုတ်ခေါ်လိုက်တယ်။

' ရာသီဥတုသာယာနေတယ်ထင်လား '

' အကြာကြီးမတက်ရပါဘူးကွာ အနည်းဆုံးတစ်လပေါ့ တာဝန်အရသည်းခံပေးပါ ငါ့အမြင်အရ မင်းနဲ့ဒီပုံစံကပိုလိုက်ဖက်တယ်လေ '

' အဟတ် ဦးလေးကြီးက ကျောင်းကိုဘာလာလုပ်တာလဲ '

နောက်မှာရပ်ပါလာတဲ့ ဖြူလုံးလုံးကောင်လေးကို မေးငေါ့ပြတယ်။

' ရုံးခန်းခေါ်ခံရလို့ သွားလိုက်ဦးမယ် အကြာကြီးရပ်ပြောနေရင်သူများရိပ်မိသွားနိုင်တယ် '

' ငါ့ကျတော့ ကျောင်းပြန်တက်ခိုင်းပြီး သွေးမတော် သားတစ်ယောက်ကိုဖူးဖူးမှုတ်ဂရုစိုက်ပြနေတဲ့ကောင်တစ်သက်လုံးမိန်းမ မရပါစေ. . .  အွတ်'

ကျောင်းသူကလေးမတစ်သိုက် သူ့ကိုတိုက်ထုတ်ပြီး ပြေးသွားကြတယ်။

' ဝမ်ရီပေါ် !!!! '

' အား !!! သူ့အစ်ကိုလည်းပါလာတာပဲ ချောလိုက်တာ ဝါး . . . '

စပ်စလူးကလေးမတွေက လက်စသတ်တော့ ဝမ်ရီပေါ်ရဲ့ ပရိတ်သတ်တွေပဲ။ ကောင်မလေးတစ်‌ယောက် အရုပ်ကလေးကိုင်ပြီးအတင်းလိုက်ပေးနေတာကိုမြင်ရတော့ သနားမိတယ်။

' အခုခေတ်ကလေးတွေများ အတော်သတ္တိရှိကြတာပဲ မဖြစ်နိုင်တာကို စိတ်ကူးယဉ်တတ်ကြတာကပိုဆိုးတယ် '

You've reached the end of published parts.

⏰ Last updated: Jun 12, 2023 ⏰

Add this story to your Library to get notified about new parts!

Purple Diary ( Uni ) Where stories live. Discover now