အပိုင်း - ၂

285 47 8
                                    

🌷🌷🌷🌷🌷

Ringtone 🎶🎶🎶

ဒီနေ့ရဲ့ ဖုန်းခေါ်ဆိုမှု ၁၀ ကြိမ်မြောက်မှာ ရှောင်းမားမားစိတ်ရှည်သည်းခံမှုဂိတ်ဆုံးသွားခဲ့ပြီ။ သူနာပြုအလုပ်ကိုရွေးချယ်ခဲ့မိတဲ့နေ့ရက်တွေကိုနောင်တရချင်စိတ်ပေါက်လာတယ်။ဖြစ်ပုံက လော့ရန်ကို ရောက်နေတဲ့သားတော်မောင်က မွေးကင်းစကလေး နို့အန်တာကိုကမ္ဘာပျက်မတတ် စိတ်ပူနေရုံမက အနှီးမပတ်တတ်လို့ video call နဲ့လက်တွေ့ပြရသေးတယ်။

' အဲ့လောက်စိတ်ပူနေရင် ကလေးအဖေပဲလုပ်လိုက်တော့ ဖုန်းထပ်ဆက်ရင် block ပစ်မယ် !!!! '

ရှောင်းကျန့်ဘာမှပြန်မပြောရသေးခင်ဖုန်းချသွားတဲ့ မားမားကြောင့် စိတ်ဓာတ်ကျသွားရတယ်။ ဝမ်လေးက ရေချိုးချိန် ကလေးခဏကြည့်ထားပေးဖို့ အကူအညီတောင်းထားတာမို့ ပေါက်စလေးကို
ပစ်မထားရက်။

' သေးလည်းပေါက်ပြီးပြီ နို့လည်းစို့ပြီးပြီ ဘာလို့မအိပ်သေးတာလဲ သီချင်းဆိုပြရမလား '

အငိုမတိတ်တာကြောင့် ရှောင်းကျန့်စိတ်ညစ်နေတုန်း အခန်းတံခါးခေါက်သံထွက်လာတယ်။ အနှီးထုပ်လေးကို အသာပွေ့ချီပြီး ထလိုက်ချိန် ချက်ချင်းအငိုတိတ်သွားတယ်။

' ဪ . . . မင်းကချီခိုင်းစေချင်လို့ငိုနေတာလား သဘောပေါက်ပြီ '

ကလေးချီလျက် အခန်းတံခါးဖွင့်ပေးလိုက်တယ်။ အနောက်တိုင်းသွေးနှောပုံရတဲ့ လူကြီးတစ်ယောက်က သူ့ကိုမယုံသင်္ကာသလိုစူးစိုက်ကြည့်လာတယ်။

' မင်းဘယ်သူလဲ ဘာဖြစ်လို့ဝမ်လေးအခန်းထဲရောက်နေတာလဲ '

' ဝမ်လေးရေချိုးနေလို့ ကလေးခဏလာကြည့်ပေးတာပါ ဒီကလူကြီးမင်းက ဝမ်လေးရဲ့မိတ်ဆွေထင်တယ် ကျွန်တော်ဘာများပြောပေးရမလဲ '

' ဝမ်လေးက သူ့အခန်းထဲသူစိမ်းဝင်တာမကြိုက်ဘူး '

' ဟုတ်လား ဒါပေမယ့် ကျွန်တော်ဝင်လို့ရတာပဲ '

' မဖြစ်နိုင်ဘူး ငါဝမ်လေးနဲ့သိလာတာ နှစ်ချီနေပြီ သူ့အခန်းထဲကိုတစ်ခါမှ ဝင်ခွင့်မရခဲ့ဘူး '

ဂျော်နီပြောရင်း ဒေါသသံပါလာတာကြောင့် ပေါက်စလေးမျက်နှာရှုံ့မဲ့လာတယ်။

Purple Diary ( Uni ) Where stories live. Discover now