351--360
216 15 0
''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၃၅၁) 'ဒါကိုအဆုံးသတ်ဖို့ အချိန်ကျပြီ'
''ဝှစ်...''
ကျဲချင်းမင်မှာ အငိုက်မိသွားပြီး ချူဖုန်း၏လက်သီးချက်ကြောင့် လွင့်ထွက်သွားလျက် မီတာဒါဇင်များစွာ လွင့်ပျံသွားပြီးနောက်မှသာ တုံ့ပြန်လိုက်နိုင်သည်။ သူက သူ့ခန္ဓာကိုယ်ကို ကမန်းကတန်းလှည့်လိုက်ပြီး မြေပြင်ပေါ်သို့ ခြေချလိုက်သော်လည်း သူ့အဖို့ ချူဖုန်းလက်သီးတစ်ချက်၏ အင်အားကို ချေဖျက်နိုင်ခြင်းမရှိသေးပါချေ။ မီတာတစ်ဒါဇင်ခန့် လျှောတိုက်သွားပြီးမှ သူက နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ခဲ့သည်။
''ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... သူက ဒဏ်ရာမရဘဲ ငါ့ကို တကယ်ရိုက်နိုင်ခဲ့သတဲ့လား...''
ကျဲချင်းမင်၏ မျက်လုံးသူငယ်အိမ်များမှာ တဆတ်ဆတ်လှုပ်ခတ်နေပြီး သူ့မျက်လုံးများတွင် အံ့အားသင့်မှုဖြင့် ပြည့်နှက်နေလေသည်။
သူ့အဖို့ ဆူးချပ်ဝတ်ကို ဝတ်ဆင်ထားချိန်တွင် လူတစ်ဦးတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာရိုက်ချက်စွမ်းအားကြောင့် လွင့်ထွက်သွားရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေတစ်ခုကား သူ့အနေနှင့် ယခင်က ကောင်းကင်နယ်ပယ် သိုင်းထိပ်သီးတစ်ဦးကို နက်နဲနယ်ပယ် ကျင့်ကြံမှုနှင့်အတူ ရင်ဆိုင်တိုက်ခိုက်ခဲ့ချိန်၌ပင် ဖြစ်ပျက်ခဲ့ဖူးခြင်းမရှိပေ။
ထို့အပြင်လည်း ချူဖုန်း၏လက်သီးက သူ၏ဆူးချပ်ဝတ်နှင့် ထိပ်တိုက်တွေ့ခဲ့ပြီး အနည်းငယ်မျှပင် ထိခိုက်မှုမရှိသည့်အချိန်တွင်မူ ၎င်းမှာ သူမျှော်လင့်ထားသည်ထက် အမှန်တကယ် ကျော်လွန်နေပေတော့သည်။
''အတော်ကို အထင်ကြီးစရာကောင်းတယ်... ချူဖုန်းကိုယ်ပေါ်မှာ ဖုံးလွှမ်းထားတဲ့ မထင်မရှားအငွေ့ချပ်ဝတ်အလွှာက ကျဲချင်းမင်ကိုယ်ပေါ်မှာရှိတဲ့ ဆူးချပ်ဝတ်နဲ့ လုံးဝကွဲပြားနေတာပဲ... အဲဒါက ဒဏ်ပြန်သက်ရောက်မှု မရှိပေမဲ့လည်း အဲဒီချပ်ဝတ်အလွှာကို ဘယ်အရာကမှ မချိုးဖျက်နိုင်တဲ့အတိုင်း ဖျက်ဆီးမရနိုင်ဘူးဆိုတဲ့ ခံစားမှုတစ်ခုကို ထုတ်လွှတ်နေသေးတယ်...''