အခန်း ၁၄၀ ။ အလယ်ရှိ ဝင်ပေါက်

894 149 1
                                    

140
အခန်း ၁၄၀ ။ အလယ်ရှိ ဝင်ပေါက်

အရုဏ်ဦး။

ရှန်းရင်နိုးလာချိန် ဖေဖေနျိုနဲ့ စားဖိုမှူးက သတ္တုအကျိုးအပဲ့ပုံကြီးထဲ တစ်ခုခုရှာနေတယ်။ ဖေဖေနျိုက တူးလေ ပိုပြီးစိတ်လှုပ်ရှား‌လာလေပဲ။ သူ့မျက်နှာပေါ်က အပြုံးကနေကြာပန်းလိုမျိုးပဲ။

"ဒီပစ္စည်းတွေက တကယ်ပဲ အဆင့်မြင့် ကုန်ကြမ်းတွေနဲ့လုပ်ထားတာပဲ ဟိုလီရှစ် ကောင်းကင်မီးတောက်ကျောက်တုံးတွေကနေ လုပ်ထားတာဟ၊ သူတို့ကိုသေချာသိမ်းရမယ်၊ ယိချင်း မင်းမှာ သိုလှောင်အိတ်ရှိလား၊ မြန်မြန်အထဲထည့်လိုက်၊ များလေကောင်းလေပဲ"

ရှန်းရင် ပျင်းကြောဆန့်ပြီးမှ လက်ယမ်းပြီးနှုတ်ဆက်လိုက်တယ်။

"မင်္ဂလာမနက်ခင်းပါ"

မွှေနှောက်ရှာယူပြီး အလုပ်များနေတဲ့လူနှစ်ယောက်က လှည့်လာပြီး သူမကို အထူးတဆန်း ကြည့်နေတယ်။

"ဘာလဲ" ဘာလို့ ဒီလိုအမူအရာနဲ့ သူမကိုကြည့်နေတာလဲ။ ရှန်းရင် အကျိုးအပဲ့ပုံ‌ဆီသွားပြီး တစ်ချက်ကန်လိုက်တယ်။

"ဒါဘာလဲ၊ ဘယ်ကရောက်လာတာလဲ" မနေ့က မမြင်မိပါဘူး။

"ဆရာ နိုးပြီလား" ယိချင်းက သူမဆီလျှောက်လာပြီး မရဲတရဲမေးလေတယ်။

"အင်း" သူမ ခေါင်းညိတ်ပြလိုက်တယ်။

"မြေကြီးထဲက ထွက်လာတာ" ကူယွဲ့ ဝင်ဖြေလိုက်တယ်။

"အသိဉာဏ်ရနေတဲ့ ကောင်းကင်လက်နက်တစ်မျိုးပဲ၊ အခုပျက်စီးသွားပြီဆိုပေမဲ့ ကုန်ကြမ်းတွေကို ပြန်သုံးလို့ရတယ်"

"အော်" ရှန်းရင်က ဆက်မနေဘဲ ဟိုဟိုဒီဒီကြည့်ရင်း ရုတ်တရက် ထိတ်လန့်တကြား ပြောတော့တယ်။

"ဥယျာဉ်မှူး သူဘယ်မှာလဲ၊ သူ့သစ်ပင်စိုက်ဖို့ အိမ်ပြန်သွားပြီလား"

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

နှစ်ယောက်က သူမကိုပြန်မဖြေဘဲ တစ်မူထူးတဲ့အကြည့်နဲ့ ကြည့်ပြီးတော့ ခေါင်းငုံ့ပြီး သူမခြေထောက်ဆီ လှမ်းကြည့်တော့တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now