အခန်း ၁၅၂ ။ ညစာအတွက် အိမ်ပြန်ခြင်း

824 157 1
                                    

152

အခန်း ၁၅၂ ။ ညစာအတွက် အိမ်ပြန်ခြင်း

ကူယွဲ့ နှုတ်ခမ်းတွေ တွန့်ချိုးကုန်တယ်။ ရုတ်တရက် ထွက်သွားချင်စိတ်ပါ ပေါ်လာလေရဲ့။ သူ ဒီcheatကြောင့် နှာတစ်ဖျားသာခံနေရတာ လုံလောက်နေပြီ။ တော်သင့်နေပြီ။

အသက်ပြင်းပြင်းရှူပြီး သူ စိတ်ပြန်ငြိမ်အောင် လုပ်နိုင်လိုက်တယ်။ သူ ယိချင်း ရပ်နေတဲ့ သွေးအလိမ်းလိမ်းနေရာဆီ ပျံသန်းသွားလိုက်တယ်။

"ဟေး စားဖိုမှူး..." မင်း အသက်ရှိသေးရဲ့လား။

ကူယဲ့ စကားဆက်ပြောမို့ရှိသေး ယိချင်းက အန္တရာယ်ပြုမဲ့ဟန်နဲ့မေးနေတာ ကြားလိုက်ရတယ်။

"ကျုပ်ကိုပြော ကျုပ်ဆရာအပေါ် ခင်ဗျားသုံးထားတဲ့ ဂါထာကို ဘယ်လိုဖြည်ရမလဲဆိုတာ"

မြေကြီးပေါ် ဆိုးဆိုးဝါးဝါးအခြေအနေနဲ့ လဲနေတဲ့ ကောယိုးကတော့ ပြန်မဖြေနိုင်ရှာ။ အဲအစား သွေးတွေပဲ သူ့ပါးစပ်ထဲကနေ ပန်းထွက်လာတယ်။

"နောက်တစ်ကြိမ် ထပ်မေးမယ်၊ ဂါထာကို ဘယ်လိုပြန်ဖြည်ရမလဲ" ယိချင်းက ကောယိုးကို ထပ်ဖိလိုက်တော့ ပိုသွေးအန်တော့တယ်။

ကူယွဲ့ နှုတ်ခမ်းတွေ စိတ်တိုမှုကြောင့် တွန့်ချိုးကုန်တယ်။ ကောယိုးက ဒီလောက်တောင် ဒဏ်ရာရနေပြီကို အဲcheat ယိချင်းက အတင်းမေးခွန်းထုတ်နေသေးတယ်။ မင်းခြေထောက်ကို အရင်မဖယ်ရင် သောက်လခွမ်း ဟိုက ဘယ်လိုစကားပြောမလဲဟ။

ဖွီ...။

သူတွေးသလိုပဲ စကားပြောဖို့အခြေအနေမရှိတဲ့ကောယိုးက သတိမေ့သွာလေပြီ။

"ယိချင်း စိတ်အေးအေးထား" ကူယွဲ့ ကြားဝင်ရတော့တယ်။

"မင်း ဒီလိုဆက်လုပ်နေရင် သူ ဘာမှပြောနိုင်မှာမဟုတ်ဘူး"

"ဒါပေမဲ့ ဆရာကျတော့ရော..." ယိချင်းက စိတ်လောစွာနဲ့ သူ့ကိုကြည့်လေတယ်။

"စိုးရိမ်နေလို့အကျိုးမရှိဘူး၊ ရွှင်ရှူးပြောတယ်လေ အဲဂါထာက သူ့ကိုယ်ခန္ဓာကို ထိခိုက်စေမှာ မဟုတ်ဘူးတဲ့" ကူယွဲ့ ထပ်ဖြည့်ပြောလိုက်တယ်။

"သူ့ကိုသတ်တာက ကိစ္စတွေကို ကူညီပေးမှာမဟုတ်ဘူး"

သေချာစဉ်းစားပြီးတဲ့နောက် ယိချင်းက ကောယိုးကိုယ်ကနေ ခြေထောက်ကိုဖယ်လိုက်တယ်။ နောက်တော့ သူ့ရဲ့ထောင်မတ်နေတဲ့ခန္ဓာကိုယ်က စတင်ယိမ်းယိုင်သွားတော့တယ်။ အချိန်မရွေး လဲကျတော့မဲ့ပုံ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now