"ဟိုကလေးကို သေချာကြည့်ပေးထားဦး"
"ဟုတ်ကဲ့ပါ ဘန်"
"အပြင်သွားဖြစ်ရင်လဲဂရုစိုက်ပေးဦး...အဲ့ကလေးက ခဏခဏ လမ်းပျောက်တတ်လို့"
ဆောနူကိုသေချာစွာမှာနေတဲ့ ဘန့်ကိုကြည့်ပြီး အခုအချိန်မှာ ဘယ်သူကဘယ်သူ့ကိုပြန်ပြီးစိတ်ပူနေတာလဲဆိုတဲ့အတွေးကို ဂျောင်ဝန်းအရင်ဆုံးတွေးမိသည်။
အခု အန္တရာယ်တောထဲသွားမှာ ဘန်နဲ့သူတို့ပါ
အဲ့ဒါကိုဘာလို့ဘန်က အိမ်မှာဘဲကျန်ခဲ့မယ့် ဂျယ်ယွန်းကိုစိတ်ပူပြီး မှာနေရတာလဲ။"ဘန်စိတ်ပူရမှာငါတို့ကိုမဟုတ်ဘူးလား"
ထိုအခိုက်သူ့အနားကိုကပ်ကာ တိုးတိုးကလေးလာပြောတဲ့ ဂျေး။
"ငါတို့ထက် သူမချစ်တဲ့ကလေးက ပိုအရေးကြီးလို့နေမှာပေါ့"
ဂျောင်ဝန်းထိုသို့ခပ်တိုးတိုးပြန်ပြောလိုက်တော့ ဂျေးကနှာခေါင်းရှုံ့သည်။
ဂျောင်ဝန်းမှာလဲ နားမလည်ခြင်းများစွာနှင့် ခေါင်းသာခါလိုက်ရသည်။ ထပ်ပြီး တတ်လဲတတ်နိုင်လွန်းပါတယ်။
"သွားကြရအောင်"
"ဂျယ်ယွန်းကိုမနှုတ်ဆက်တော့ဘူးလားဘန်"
"အဲ့ကလေးအိပ်နေတယ် အိပ်ရေးပျက်သွားလိမ့်မယ်"
"အာာ အဲ့လိုဆိုလဲသွားကြတာပေါ့"
ဤသို့နှင့် သူတို့ရဲ့ဦးတည်ရာက နေမျိုးနွယ်စုတွေရှိရာဆီ။ သူတို့နေရာကနေစထွက်ရင် ညဘက်ပိုင်းလောက်မှာ နေမျိုးနွယ်စုတွေရှိရာဆီရောက်သည်မို့ လရောင်ထွက်မှာနှင့်ကွက်တိပင်။ လရောင်အောက်ဆိုသူတို့အားအင်ပိုပြည့်သည်မို့လေ။
ဒီတစ်ခေါက်လဲ ဘာမှမဖြစ်ဘဲ မြေပုံကိုကောင်းကောင်းမှတ်နိုင်ရင်ကောင်းမယ်။
—-
"ဟာ ဆောဆောနူနူ ဆောနူဆောနူ"
မနက်စာပြင်နေသည့် ဆောနူကိုမြင်တော့ ဂျယ်ယွန်းပျော်သွားတော့သည်။
"အိပ်ပုတ်လေးလာ မနက်စာလာစားတော့"
"ဆောနူနူ ပါးလေးတစ်ကိုက်လောက်"
YOU ARE READING
Once Upon A Tale // Sungjake (Completed)
FanfictionLike Sun & Moon If we were meant not to be .. တစ်ခါတုန်းက ပုံပြင်လေးတစ်ပုဒ်ရဲ့အဆုံးသတ်မှာ မလွှတ်တမ်းဆုပ်ကိုင်ထားခဲ့ကြတဲ့လက်တစ်စုံဟာ ရှိခဲ့ပါသည်တဲ့။