Nine : Final

917 120 40
                                    

လမ်းနှစ်လမ်းရှိတယ်။
ထိုလမ်းနှစ်လမ်းလုံးက သူ့အတွက်အရေးပါပြီး တစ်လမ်းကိုမရွေးမနေရဖြစ်တဲ့အခါ သူ့ထံလမ်းပျောက်ခြင်းဆိုတဲ့ ခက်ခဲခြင်းတစ်ခုကစတင်ဖြစ်ပေါ်လာသည်။

သူဟာ လမ်းတစ်လမ်းကိုသေချာပေါက်ရွေးရမည်။
သို့သော် နှစ်လမ်းစလုံးဟာသူ့အတွက်ပစ်ပယ်စရာမရှိသောလမ်းများသာဖြစ်သည်။ တစ်လမ်းမှာတော့ တာဝန်နဲ့သွေးကြွေး တစ်လမ်းမှာတော့သူ့ရဲ့အရာအားလုံး။

ဘန့်ဘဝမှာ အဆိုးဆုံးအခြေအနေကိုရင်ဆိုင်ကြုံတွေခဲ့ရသည်။

ဒီလိုနဲ့သူက သူ့ရဲ့အရာအားလုံးလေးကိုပစ်ပယ်ချင်ယောင်ဆောင်ခဲ့ပြီး တာဝန်တွေကိုကျေပွန်အောင်လုပ်ခဲ့တာရတာပေါ့။ ကလေးကိုပစ်ပယ်ပြီး တာဝန်ဆိုတဲ့လမ်းကိုသူအရင်ဆုံးရွေးချယ်ခဲ့သည်။ သ်ို့ပေမယ့်သူဟာကြောက်ရွံ့ခဲ့ပါသည်။ နှစ်ခုလုံးကိုဆုံးရှုံးရမှာကို ကလေးက သူ့ကိုခွဲခြားချင်သွားမှာကို။ သို့ပေမယ့် မျက်ရည်တွေကိုတွေ့လိုက်ရချိန် တစ်ဦးတည်းသောသက်ရှိလေးရဲ့မခွဲခွါနိုင်ခြင်းတွေကိုမြင်တွေ့လိုက်ရချိန်မှာ သူကဒုတိယအစီအစဉ်ကိုသေချာပေါက်အကောင်အထည်ဖော်ရတော့မည်ဆိုတာကိုသိလာခဲ့သည်။

သူ့ကိုမခွဲနိုင်တဲ့ကလေးကို သူကသူ့ဘေးနားပြန်ခါ်ရမည်။

သူ့ရဲ့အရာအားလုံးလေးကို သူ့ရဲ့အရာအားလုံးနဲ့လဲလှယ်ပြီး သူ့ဘေးကိုပြန်လည်ခေါ်ဆောင်ရပါမည်။


လမ်းတစ်လျှောက်လုံး သူ့စိတ်ထဲအတွေးတွေကပေါင်းစုံ။ နှစ်ရက်လောက်မတွေ့ခဲ့ရတဲ့မျက်နှာလေးကိုပြန်မြင်ရတော့မှာမို့ပျော်သည်။ စိတ်နာသွားမလား မုန်းသွားမလားဆိုတဲ့ ကြောက်စိတ်တွေကလဲဝင်သည်။ အမြဲထာဝရအတူရှိနိုင်တော့မှာမို့လဲရင်ခုန်သည်။

ဒီတစ်ခေါက်တော့ သူဟာဆုပ်ကိုင်မိမယ့်လက်လေးကိုလုံးဝမလွှတ်တော့ဘူး။ ဘေးနားကနေလဲ ဘယ်နေရာကိုမှမပို့တော့ဘူး။ ထာဝရဆိုတဲ့စကားလုံးကို သူတို့ကြားမှာရှင်သန်စေဖို့ သူကကြိုးစားတော့မည်။

အတွေးတွေဟာတော့ အလှပဆုံးဖြစ်လို့နေသည်။

သူက ကလေးကို အရာအားလုံးကိုပြန်ရှင်းပြပါမည်။ ဘာလို့ ဒီလိုလုပ်ခဲ့ရကြောင်း ဘယ်လောက်တောင်မှခံစားခဲ့ရကြောင်း မျက်ရည်တွေကိုတွေ့ရစဉ်ကဘယ်လိုတောင်နာကျင်ခဲ့ရကြောင်း သူဟာအလုံးစုံကိုပြောပြမည်။

Once Upon A Tale  // Sungjake (Completed)Where stories live. Discover now